Poems

Khin Aung Aye – Mad Poet

စိတ်မနှံ့ကဗျာဆရာ

ခင်အောင်အေး၊ ဇွန် ၂၈၊ ၂၀၁၃

ကဗျာတွေ ရေးဖြစ်တယ်
အရူးမ လင်ပျောက်ရှာသလိုကို ရေးဖြစ်တယ်
မယားတ ရူး ဓါးတစ်လက်နဲ့လျှောက်ရမ်းနေသလို ရေးဖြစ်တယ်

တစ်ခုမှ မကောင်းပါဘူး
ဒါပေမယ့် ပွဲကတော့ ကြမ်းတယ်
ကဗျာဆိပ်ဟာ သတိလက်လွတ် ယောင်ယမ်းပြီး
ဘာလုပ်မှန်းမသိ လုပ်မိသလိုဖြစ်အောင်ကိုတက်နေတယ်

ကဗျာမရေးနိုင်လို့
အရူးတပိုင်းဖြစ်ရတာထက်စာရင်
ခုလို သွက်သွက်ခါ ရူးနေရတာကိုပဲ ပိုမက်ခြိုက်မိ။ ။


(ကဗျာဆရာ့ဖေ့စ်ဘွတ်က ယူတယ်။ ဒီကနေ ခွင့်တောင်းလိုက်ပါရဲ့) (သရုပ်ဖော် – မောင်ရစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts