>Cho Saint – 2009 Old Day Poem

>

၂ဝဝ၉ ရဲ့ နေ့ဟောင်းကဗျာ
ချိုစိမ့်
နိုဝင်ဘာ ၁၊ ၂၀၀၉
ဖိနပ်ကလေးတဖက်
မှောက်နေတယ် …
လင်းလင်း ချင်းချင်းနဲ့
အမှောင်ပျောက်နေတာ။
ဒီကမ်းမှာတော့
ကမ်းလိုက်ပါတော့
ခမျာမယ် ပြောရှာတယ် …
ဒီတောမှာ အ,ကာလ
သူမ မသိရှာလေရော့သလား?
ငါ မမေးချင်
မသိချင်တော့ပါ
ဝါးရုံအောက်မှာ
ငါ သိတာ
ကဗျာ …
ငါ နေရတာက
အ,ကာလ ကဗျာ။        ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts