Hay Man Thazin ခေတ်ပြိုင်အတွေ့အကြုံ
Ha Man Thazin – Dare to Change ?
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
ပြောင်းရဲရဲ့လား
ဟေမန်သဇင်၊ ဇွန် ၂၉၊ ၂၀၁၃
မနေ့ က ကလေးတွေ ပျော်ကြပါစေ ဆိုတဲ့ ပိုစ်လေးတင်လိုက်တော့ ကွန်မင့် တွေ အများကြီး တွေရတယ်။  ကြုံနေရတဲ့ အလွဲတွေ  ကြောင့် ခံစားရတဲ့ ခံစားချက်တွေပေါ့။ ဒီထဲ  ညီမ ခင်သစ္စာရဲ့ ကွန်မင့် ကို မြင်လိုက်တော့ သူနဲ့ အတူ မောသွားလိုက်တာ။
နှုတ်ဆက်ပွဲ လုပ်ဖို့  အလှုတသိန်း၂သိန်းလောက်တဲ့။ ဆရာမတွေကို ကန်တော့ ဖို့ ဆိုတော့ ဘယ်မိဖ ကငြင်းရဲ ပါ့မလဲ။ သြော် တို့ တွေမှာလည်း အားနာနေရတာနဲ့ ။ အမြင်မတော် ဖြစ်နေပါ့မယ် ဆိုတာတွေနဲ့ တသက်လုံး နစ်လို့ ကို မဆုံး တော့ဘူးနော်..လို့ စာနာ နားလည်မိတယ်။
          အကုန်လုံးက ခုတ်ရာတခြား ရှရာတခြား ကို ဖြစ်နေတာ။
          ဒီဖက်က တို့ တွေဆီမှာလည်း စီးပွားကျလိုက်တာ။အစိုးရ  ကလည်း ပညာရေး တို့ ဆို ဘတ်ဂျက်တွေဖြတ်လွန်း လို့ ။ အဲဒီလို ဖြတ်လိုက်တော့ ကလေးကျောင်းတွေ မှာ လည်း ပိုက်ဆံ မရှိတော့ အပို ဆာဒါးတွေ မလုပ်နိုင်ဖူး။
          ကွန်တိန်နာတွေမြင်ဖူးတယ်မဟုတ်လား။
အဲဒါ ကလေးတွေရဲ့ ကျောင်းဆောင်သစ် စာသင်ခန်း။
ယုံ ပါ့မလား နော်။
          ဒါပေမဲ့ ကွန်တိန်နာ လေးထဲ ၀င်ကြည့်လိုက်။ အရမ်းကို နွေးနွေးထွေးထွေး ခံစားရမယ်။
          ခလေးခုံလေးတွေ သေးသေးလေးတွေ ၊ စားပွဲလေးတွေ။
 အရုပ်ကလေးတွေ။ ကလေးတွေ ဆွဲထားတဲ့ ပန်းချီတွေ။ ကလေးတယောက်ချင်းစီရဲ့ နံမယ်ရေးထားတဲ့ ရောင်စုံ ကြက်လျှာလေးတွေ ကို ကြိုးတွေ နဲ့ သီလို့ ။ ဒီအပြင်အဆင် တွေက တခုမှ ၀ယ်တာ မဟုတ်ဖူးနော်။ ကလေးတွေ လက်ရာတွေကြီးပဲ။ ပါဖက်(Perfect)ဖြစ်စရာ မလို။ သန့် ရှင်း တောက်ပြောင်နေ စရာ မလို။
          သြော်ထပ်ပြီး အံ့ သြအောင် ပြော ရအုံးမယ်။ ကျောင်းမှာ ကလေးတွေ အတွက် ကွန်ပြူတာ lab တောင်မရှိဘူး ။ ကဲ .. ဒီတော့ ကျောင်းဆောင်သစ်ဆောက်ဖို့ တို့  ကွန်ပြူတာ အခန်းအတွက် တို့ ဖို့ တော့  အလှုခံစရာ မလိုတော့ဘူးပေါ့။
          ဒါပေမဲ့ သူတို့ ပျော်ကြတယ်နော်။ ကျောင်း၁ရက် မှ အပျက်မခံချင်ဘူး။
တို့ တွေပြောင်းလာတော့ ၂၀၀၄ စက်တင်ဘာ ကုန်။ ဒီမှာ သြဂတ်ဆို ကျောင်းဖွင့်နေပြီ။ ဒီတော့ ပညာရေး ရုံးကို သွားပြီး လျှောက်လွှာဖြည့်တာနဲ့  နေရာ လွတ်တဲ့ ကျောင်းတွေထဲက အိမ်နဲ့  နီးတဲ့ ကျောင်းပေးလိုက်တာပဲ။ အသက်လိုက် အတန်းတက်ရုံ။ ဒါပေမဲ့ အင်္ဂလိပ်စာ တော့ရေးဖြေစစ်တယ်။ တော် မတော် သိချင်လို့ မဟုတ်ဘူး။ အဲဒီ အတန်းက စာ လိုက်နိုင် မလိုက်နိုင် သိချင်လို့ ။ မလိုက်နိုင်ဘူး ထင်ရင် ကျောင်းဆင်းချိန်မှာ အချိန် ပို သင်ပေးဖို့ ။
ကျောင်းကပြန် လို့  အိမ်စာတွေလည်းသိပ် ပါလာတာ မရှိဘူး။
          ပြီးတော့ သူတို့ ဆရာ ဆရာမတွေကို လည်း အရမ်း ချစ်ကြတယ်။ ဆရာ ဆရာမတွေက လည်း သူတို့ ရဲ့ မိသားစုတွေလို  ပဲ။ သူတို့ မိသားစု အကြောင်းတွေ လည်း ကလေးတွေကို ပြောပြတတ်တာပဲ။
          သမီး ၂ တန်းတုန်းက ဆရာမ က Ms.Lee ။ ငယ်ငယ် ချောချောလေး။ကျောင်းဆင်းရင် ကလေးတွေရဲ့ ဆရာမ က ကလေးတွေကို ရထားတွဲ ကြီးလို ခေါ် လာတယ်။ ပြီးတော့ မိဖတွေ  စောင့်နေတဲ့ နေရာ ရောက်ရင် ကလေးတွေကို မိဖတွေ လက်ထဲ ထည့်ပေးတယ်။ ကျောင်းဆင်းလို့ သွားကြိုရင် ကလေးတိုင်းရဲ့  မိဖတွေကို ကလေးတွေ သိပ်လိမ်မာ တာ ပဲလို့ ချီးကျူးတတ်တယ်။ မိဖ ရောက်မလာသေးတဲ့ ကလေးဆို ရုံးခန်း မှာပို့ ထားပေးတယ်။
          စာတွေကို ပြုံပြီး နင်းကန် သင်တာထက် တထစ်ပြီးတထစ် ဖြေးဖြေးချင်းပဲ သင်တယ်။ စာမကျက် ကြဖူး။
          သမီး ၃ တန်းရောက်တော့ ဆရာ က Mr.Lee။ ၂တန်းတုန်းက ဆရာမ နဲ့ တခြားစီ။ ရုပ်ကို ပြောပါတယ်။ တော်တော်ဝတဲ့  ခန္ဓာကိုယ်။ တနှစ်လုံး ဟာဝိုင်ရီ ရှပ်နဲ့ ။ သူက ဟာဝိုင်ရီ က လာတာ။  ဂျင်းဘောင်းဘီ ချက်ပြုတ်။ ဆံပင် က ပိုနီတေးနဲ့ ။ နားမှာ နားကပ်လည်း ပန်ထားသေး။
          ကလေးတွေ အခန်းထဲ လည်း ကြည့်လိုက်အုံး။ စာသင်ခုံ တွေ နောက်မှာ ကလေးတွေရဲ့  လွယ်အိတ်တို့  အနွေးထည်တို့ ချိတ်ဖို့ နေရာ။ အဲဒီနေရာ ဘေးမှာ  လှောင်အိမ်ကြီးတွေ့  တော့ ဘာကြီးပါလိမ့်။ လှောင်အိမ်ထဲ မှာ သစ်ပင်တု တပင်။အဲဒီနားခွေ အိ ပ်ေ န တဲ့ အလှ မွေးတဲ့ မြွေ။ စိတ်ထဲနဲနဲ တော့ ကြက်သီးထမိသေး။ တော်နေကြာတော့ ငှက်အော်သံ လို လို ကြားမိလို့ မော့ ကြည့်တော့ ကတ္တ၀ါငှက်ကြီး ။ သူ့ ကျတော့လှ မှလှ။ အင်း ….လို့ တောင်အတွေးမဆုံးသေးဖူး။ နောက်လှောင်အိမ် ထဲမှာ Baby Bear Hamster ၂ကောင်။ တကောင် ကို တအိမ်စီ။
          ဆရာ ကရှင်းပြတယ်။ ဒါက ကလေးတွေအတွက် Animal Project တဲ့။ သူတို့ တိရိစ္ဆာန် တွေ ကို ချစ်တတ် အောင်ရယ်။ တာဝန်ယူတတ်ဖို့ ရယ်တဲ့။ အစားကျွေး။ သန့် ရှင်းရေးလုပ်။ ဆရာ့ ညွှန်ကြားချက် အောက်မှာ လုပ်ရတာ။ ဒီဇင်ဘာကျောင်းပိတ်ရက်လို ရက်ရှည် ပိတ်ရက် ဆို အိမ် ကို ယူချင်ရင် ဆရာ့ ဆီမှာ စာရင်းသွင်းထား။ ဒါမျိုးဆို လက်သွက်တဲ့ သမီးကြောင့် ကျမ မှာ ကြွက်ဝက်ဝံ ဟမ်စတား ကြီး ကို အိမ်မှာ လက်ခံ ရသေးတယ်။ နောက်ပိုင်း အိမ်မှာ ကြောင်လေးမွေးစားတော့  သမီးက ကြောင်အိမ်သာသန့် ရှင်းရေးကို မငြီး မငြူ လုပ်တယ်။
          သြော် ပြောဖို့ မေ့လို့ ။ အဲဒီအချိန်က အမေရိကားက အီရတ်ကို စစ်တိုက်ချိန် ဆိုတော့ အချင်းချင်းကြား သဘောထားအမြင် မတူကြဘူးပေါ့။ တချို က စစ်တိုက်တာကိုလက်ခံ ပေမဲ့ တချို့ ကတော့ လုံးဝ ကို လက်မခံကြဘူး။ သမီးရဲ့ ဆရာ က လက်မခံဖူး။ ဒါကြောင့် သမီးတို့ အခန်းရှေ့ မှာ သူ့ ရဲ့ ငြိမ်းချမ်းရေး လမ်လျှောက် ပွဲ တုန်းက ပုံ တွေ ကပ်ထားတယ်။
          အစိုးရ က ကျောင်းဆရာတွေ ရဲ့  ခံစားခွင့်တွေ လျှော့မယ်ဆို တော့ ဆရာ တွေ အကုန်လုံး ဆန္ဒပြ ဖို့  စီစဉ်ကြတယ်။ ကျောင်းဆရာ သမဂ္ဂ အဖွဲ့ ရဲ့  ခေါင်းဆောင်တွေနဲ့ သက်ဆိုင်ရာ တွေ ညှိနေတုန်း။ အဲလို အချိန်တွေဆို ဆရာတွေ ဆရာမတွေက ကလေးတွေကို သေသေချာချာရှင်းပြတယ်။ တကယ်လို့ ဆန္ဒပြ မယ်လို့ ဆုံးဖြတ်ရင် ကလေးတွေ ကျောင်းတက်စရာ မလိုဖူး။ မိဖတွေ  ဆီ အကြောင်းကြားမယ်.. ဘာ…ဘာ…ညာ..ညာ..ပေါ့။ ဒီတော့ ကလေးတွေဟာ ငယ်ငယ်လေးထဲ က ဆန္ဒပြ တယ်ဆိုတာ နဲ့ ယဉ်ပါး နေတော့ ဒါဟာ ရှက်စရာ။ ကြောက်စရာ မဟုတ်ဖူး ဆိုတာသိနေတယ်။ ကိုယ်ဆုံးရှုံးနေတာကို ဘယ်လို စနစ်တကျ နဲ့ တောင်းရ၊ လုပ်ရသလဲ ဆိုတာ အတိ အကျ မဟုတ်တောင် အရိပ်အရောင် လောက်တော့သိနေပြီ။
           ဆရာတွေ ဟာ သူတို့ ကြုံသမျှ ကို လည်း ကလေးတွေကို မျှဝေ တော့ ကလေးတွေစိတ်ထဲမှာ ဆရာတွေ ဟာ သူတို့ နဲ့ တူတဲ့ သာမန်လူသားတွေ ဆို တဲ့ အတွေး ရှိလာတယ်။ သမီးဆရာ ရဲ့ သူငယ်ချင်း ဟာဝိုင်ရီ က လာလည်မယ်ဆိုတော့ ကလေးတွေက  ဟာဝိုင်ရီ ဆိုတာ ဘယ်မှာရှိတယ်။ ဘာတွေထွက်သလဲ သူတို့ ဖာသာရှာဖွေ ကြည့်ကြတယ်။ ဆရာ က သူ့ သူငယ်ချင်းကို အတန်းထဲ ခေါ် ကလေး တွေနဲ့ မိတ်ဆက် ပေး။ သိချင်တာ မေးကြ စမ်းပေါ့။ ကလေးတွေစားဖို့ သူတို့ ဆီ ကသကြားလုံးလေးတွေ ပေးတော့ ပျော်လို့ ။ ကလေးတွေက လည်း အတန်းထဲမှာ ပဲ သူတို့ ဆွဲတတ်သလို ဆွဲတဲ့ ပုံတွေ ပေး နဲ့ ။
          ဒီလိုပဲ အဲဒီ ဆရာ့ ဇနီး နေမကောင်းလို့  ခွဲစိတ် ကုသရမယ်ဆို တော့ ကလေးတွေ က အမြန်သက်သာဖို့  ဆုတောင်းစာတွေ ရေးပေးကြတယ်။ ဆေးရုံက ဆင်းလို့ အိမ်မှာ နေရ တုန်း မပျင်းရအောင်ဆို ပြီး စာတို စာရှည်တွေရေး ပြီး သူ့ ဆရာကိုပေး။ သူ့ ဆရာ ကတခါ သူ့ ဇနီး က ကလေးတွေဆီ ကျေှးဇူးတင်ကြောင်း စာ ကို ကလေးတွေဆီ ယူလာဖတ်ပြ နဲ့ ဆို တော့ ကလေးတွေ နဲ့ ဆရာ တွေကြား  ဘာအဟန့် မှ မရှိဖူးပေါ့။
          ကျောင်းပြဌာန်းစာအုပ်တွေဆို ၀ယ်စရာ မလိုဖူး။ ကလေးတွေကို ငှါးတယ်။ ကျောင်းပိတ်ရင်စာအုပ်တွေ ပြန်အပ်။ နောက်လာမဲ့  ကလေးတွေကို ဆက်ငှား။ ဒီလို ဆိုတော့ ကလေးမိဖ တွေလည်း ၀န်ပေါ့။ ကျောင်းလည်း ၀န်ပေါ့။
          အထက်တန်းရောက်ရင် ပိုဆိုးတော့ တာ ပေါ့။ ပံ့ ပိုး ရတဲ့ မိဖတွေ  ဆိုတာ။ သူငယ်ချင်းသမီး ဂုဏ်ထူး ၆ခု ပါဖို့  ဘော်ဒါထားရတာ ဘော်ဒါကြေးတင် ၁၅ သိန်းတဲ့။ တခြားဘာစရိတ် မှ မပါသေးဘူး။ သမီး ရဲ့ ညီမ၀မ်းကွဲ က အခုနှစ် ၁၀တန်း။ ၉ တန်း အောင်စာရင်း ထွက်ပြီး ကတည်း က အိမ်မှာ ၀ိုင်းတွေ။ ဂိုက်တွေနဲ့ ။ ကျောင်းဖွင့်ရင် ကျောင်းကို အတက်ပြ။ ပြီးလို့  ကျောင်းခေါ်ချိန်  ၂၅% ပြည့်ရင် အပြင်မှာ ကိုယ့်ဖာသာ ကိုယ်ပဲ ၀ိုင်းတွေ ဂိုက်တွေ နဲ့  ပြင်ဆင် မယ်တဲ့။
          ဒီမှာတော့ မူလတန်း ကနေ အထက်တန်းထိ စာသင်ချိန် လေး တချိန်ပျက်တယ်လို့ ထင်ရင်၊ ကလေးတောင် ကျောင်းကပြန် မရောက်သေးဖူး။ မိဖတွေဆီ ဖုန်း မက်ဆေ့ခ်ျ ၀င်နေပြီ။ အဲဒီတော့ ရှင်းကြပေါ့။ အဖေနဲ့ သမီး။ တခါတလေ ကျမ နဲ့ ။ သမီး ကလည်းရှင်းပေါ့။ သမီး P.E မှာ သွားပြီး ပြေးနေရတာ။ P.E ဆရာ မေ့နေလို့ ။ တတန်းလုံး ပဲ။ ဆူညံပွက်လောရိုက်ပေါ့။  မိဖ က ပြန်ပြီး အကျိုးအကြောင်း ပြန်ဖုန်းဆက်မှ ပျက်ကွက် စာရင်းက ဖျက်ပေးတာ။
          ဒီတော့… ဟိုး တက္ကသိုလ် ပညာရေး ပြောင်းလဲဖို့ တို့ ဘာတို့ ခဏ ထားပြီး ဘာဘတ်ဂျက်မှ သိပ်မကုန် တဲ့ မူလတန်း အဆင့်လောက် က စလိုက်ရင် မကောင်းပေဖူးလား။
ကျမ တို့ မိဘတွေ စဉ်းစားသင့်တယ်နော်။  
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
Similar Posts