>25th anniversary of Emperor

>

ဇော်ဝင်းထွဋ်၏ အင်ပါယာ တီးဝိုင်း ၂၅ နှစ်ပြည့်ပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၆
အောက်တိုဘာ ၂၃၊ ၂ဝဝ၉
သက်တမ်း ၂၅ နှစ်ပြည့်ပြီဖြစ်သော အင်ပါယာ တီးဝိုင်း၏ နှစ်ပတ်လည် အထိမ်းအမှတ် ဂီတပွဲကို ရှေ့လ ၁ ရက်နေ့၌ ရန်ကုန်မြို့၊ ကန်တော်ကြီးရှိ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်ဟု သိရသည်။ အင်ပါယာကို စတင်တည်ထောင်သူတဦးဖြစ်သည့် ဇော်ဝင်းထွဋ် နှင့် အင်ပါယာနှင့် ထိတွေ့ခဲ့ဖူးကြသည့် နာမည်ကျော် အဆိုတော်များကိုလည်း ထိုဂီတပွဲတွင် တွေ့နိုင်မည်ဖြစ်သည်။

“နှစ်ဆယ့်ငါးနှစ်ပြည့်ထိ မပြိုမကွဲဘဲ ဆက်လက် ချီတက်လာနိုင်ခဲ့ပေမယ့် သူငယ်ချင်းများက ချစ်ခင် ညီညွတ်စွာနဲ့ ဖြတ်သန်းလာရတာကြီးမျိုးမဟုတ်” ဟူသော ဇော်ဝင်းထွဋ်၏ ပြောကြားချက်ကို တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

အင်ပါယာတီးဝိုင်းက မြန်မာပြည်၏ ရော့ခ်တစ္ဆေတဦးဖြစ်ခဲ့သူ ဇော်ဝင်းထွဋ်၏ သီချင်းခွေ ၂၀ ကျော်ကို တီးခတ်ပေးခဲ့သည်။ အလင်းတန်းဂျာနယ်တွင် ရေးသားထားချက်အရ အင်ပါယာက တာဝန်ယူတီးခတ်ခဲ့သည့် သီချင်းစီးရီးပေါင်း တထောင်နီးပါး ရှိသည်ဟု ဆိုသည်။

အင်ပါယာငွေရတုအထိမ်းအမှတ် ဂီတပွဲကို နိုဝင်ဘာ ၁ ရက်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) ညနေ ၆ နာရီတွင် အစပြုမည်ဟု သိရသည်။

နိုဝင်ဘာ ၁ တွင် ပြုလုပ်မည့် ဂီတပွဲတော်ကြော်ငြာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts