ဟံသာဝတီ ဦးဝင်းတင်

Hanthar Waddy U Win Tin – Articles

လောင်းလျာကြီးတွေ ပြမနေကြပါနဲ့၊ အာရေး ဒါလေး ဒီလို လုပ်လိုက်ပါတော့လား 
ဟံသာဝတီဦးဝင်းတင်
ဇွန် ၂၉၊ ၂၀၁၃


“ဗမာပြည်မှာ နာရီတွေကများ၊ အချိန်မှန်နိုင်ပါ့မလား။ ဗမာ့ပြည်မှာ ပါတီတွေကများ….” ဘာညာသာရကာ ဆိုလား။ ကြားဖူးကြမှာပေါ့။ ခေတ်ပောာင်းတေးသီချင်း။ ပျော်စရာကြီးဗျာ။ ပောာ အခုတော့ ခေတ်ပောာင်းတေးသွား အလိုက် ခေတ်ပြိုင်သီချင်းတောင် ပေါ်နေပြီဗျ။
“ဗမာပြည်မှာ လောင်းလျာတွေကများ။ ဒီမိုကရေစီစော်မှ နံပါ့မလား” ဆိုလား ဘာလား မသိဘူး။ ပိုပျော်စရာကြီးတောင် ကောင်းနေပြီဗျာ။ လောင်းလျာဆိုတာ သမ္မတလောင်းတွေကို ဆိုလိုတာတဲ့ဗျ။အေးပေါ့ဗျာ။ ကျုပ်တို့ကတော့ ဒီချုပ်အင်အားတွေဆိုတော့ ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးသာ သမ္မတဖြစ်ခွင့်ကြုံလို့ ဖြစ်ပုံပေါ်ပြီး ဖြစ်တော်မူမယ် ဆိုရင်တော့ ပျော်စရာအကောင်းဆုံးလို့ ဆိုချင်တာပေါ့။
နေဦးဗျ နေဦး။ တကယ်ကောဖြစ်မှာလား။ ဖြစ်နိုင်မှာလား။ ဖြစ်ကိုဖြစ်ရမှာလားဗျာ။ တစ်ခွန်းလောက်တော့ မေးလျှောက်ပါရစေဦးဗျာတို့။ ကျုပ်ကတော့ မအူမလည်နဲ့ နိုင်ငံရေးနယ် မျက်စိလည် ရောက်လာတဲ့ မင်းပရိယာယ် ငတင့်တယ် နားဝယ် မလည်ရှာသမားလေဗျာ။ ပယ်ပယ်နယ်နယ် ပတ်ပတ်နပ်နပ် မသိတတ်ရိုး အမှန်ပါပဲဗျာ။
ဒီလိုဗျာ။ လောင်းလျာစာရင်း အစောဆုံး ကိုယ်တိုင် တင်သွင်းသူက ဒီချုပ်ဥက္ကဌဗျ။ ဒေါ်စုက သမ္မတဖြစ်ချင်တယ်။ သမ္မတဖြစ်မှ ကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးမူဝါဒတွေကို ရုပ်လုံးဖော်နိုင်မယ်လို့ ဗြောင်တိုက်ကြီး ပြောလိုက်တယ်။ ဒီမှာတင် လောင်းလျာနိမိတ်ဗျာ ဒိတ်ပွဲတွေ ဆူလာခဲ့တော့တာပဲ။
လက်ရှိသမ္မတကြီးက ပိာု့ပိာုးအရင်တုန်းကတော့ နှလုံးနာသမား အသံယဲ့ယဲ့နဲ့ သဲ့သဲ့လေး ပြောထွက်လာတဲ့ အသံက တော်ပါပြီ။ တစ်ခါပါပဲ။ ကျန်းမာရေးကလည်း မကောင်းလှဘူးဆိုလား။ နောက်တော့ သူ့ရဲ့ ငယ်မွေးခြံပေါက်၊ နောက်တော်ပါတွေက ဝိုင်းလှော်လိုက်ကြတာ။ လုပ်သေးတာပေါ့ဗျာ။ နောက်တစ်ခါဆိုတာ ဖြစ်လာပြန်ပါလေရော။
ဘာရမလဲ။ သမ္မတက လေသံထုတ်တော့ သူ့ရဲ့ချုပ်ဖော်ချုပ်ဖက်(ဗိုလ်ချုပ်ကြီးချင်း) နောက်ချုပ်တစ်ယောက်က ဒေါက်ဖြုတ်လိုက်ကရောဗျာ။ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းလေ။ မန်းလေပြဲလေဆိုသလိုပဲ။ သူကလည်း သမ္မတဖြစ်ချင်ရုံမကသေး။ “သမ္မတရာထူးထက် ပိုမြင့်၊ ပိုအရေးပါတဲ့ နေရာရှိမယ်ဆိုရင် အဲဒီရာထူးကိုလိုချင်နေတာ” လို့ပြောလိုက်တယ်။ (ဒါလောက်ကလေးဆိုရင် ဗိုလ်ချုပ်မှူးကြီးလုပ်ပေါ့ဗျာ။) ဒါတင်လား။ အတို့အဆိတ် ပြောလိုက်သေး။ “တရားဥပဒေစိုးမိုးရေးတို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့မှာလည်း အခြားသူတွေနဲ့စာရင် အများကြီးလုပ်ပေးနိုင်တယ်” တဲ့။ လာသားလူဗျာ။ ဒီလိုပြောတော့ တခြားလောင်းလျာနှစ်ဦးကို နဖူးထုံးတားလိုက်သလို ဖြစ်နေတာပေါ့။
ဦးသိန်းစိန်က “ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရွေးချယ်ရင် မိမိအနေနဲ့ လက်မခံနိုင်စရာ အကြောင်းမရှိပါဘူး” လို့ပြောလိုက်တယ်။ သမ္မတကို ပြည်သူရွေးတာမပာုတ်။ လွှတ်တော်ကရွေးတာမပြောဘူး။ ဦးရွှေမန်းကသူ့ထက်ကဲလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေကန့်သတ်ချက်တွေ စိုးရိမ်စရာ ဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ အခြေခံဥပဒေထဲက ပြင်သင့်တာ တွေပြင်ဖို့ ကော်မရှင် ဖွဲ့ထားပြီးပါပြီလို့ပြောတယ်။ သူက မန်းလေ ရွှေလေလူ။ (အဲလေ ယောင်လို့) မေးလေ ပြောလေလူဆိုတော့ ဒေါ်စုရဲ့ ဒီချုပ်နဲ့တောင် ညွန့်ပေါင်းအစိုးရ ဖွဲ့မလိုလို ဘာလိုလို ပွားလိုက်သေး။
ကဲဗျာ တော်လောက်ပါပြီ။ လောင်းလျာတွေရဲ့ ဗျာဒိတ်ခံသံတွေကတော့ ဒါလောက်ဆိုသိလောက်ပါပြီ။ ဘယ်သူက ဘယ်မူ၊ ဘယ်သူက ဘယ်လမ်း၊ ဘယ်မန်းက ဘယ်အချိုးဆိုတာ သိလောက်ရောပေါ့။။
နိုင်ငံရေးဆိုတာ ဒီလိုပဲဗျ။ အပြောကောင်းတိုင်းလည်း အကောင်းပြောတယ် မထင်လေနဲ့။ ယုံလို့မရဘူး။ အပြောပာုတ်ပေမဲ့ အပာုတ်ပြော တာဖြစ်ချင်မှဖြစ်တာ။ သမ္မတဆိုတာ ခေါင်းကြီးရတယ်ဗျ။ နှလုံးကြီးရတယ်ဗျ။ အကြံပေးတွေလျှောက်တိုင်း ပျော့ပျော်ပြောနေလို့မဖြစ် ဘူးဗျ။ အမေရိကန်သမ္မတနစ်ဆင်လက်ထက် သမ္မတရဲ့ ဂျာမန်ကြော်ငြာလုပ်ငန်းသမား အကြံပေးတွေနှိပ်စက်သွားတာ အမှတ်ရကြမှာပေါ့။
အဲ…အဲပြောခွင့်ရှိသူထားပြီးတအားကိုးလို့လည်း ဖြစ်တာမပာုတ်ဘူးဗျို့။ နစ်ဆင်ရဲ့ ပြောခွင့်ရ ဇစ်ကလီယာ ဆိုတဲ့ပုဂ္ဂိုလ်က သတင်းစာတွေနဲ့ တွေ့ရှင်းတယ်။ ရှင်းတိုင်း လိမ်တယ်။ လိမ်တိုင်း ပေါ်တယ်။ ကြာတော့သူ့ကို သတင်းသမားတွေက ဇစ်ကလိုင်ယာ(Liar) လူလိမ်ကြီးလို့ ကင်ပွန်းတပ်လိုက်ကြတယ်လေ။ ကြားဖူးကြမှာပေါ့။
ပြောလေကဲလေ၊ မန်းလေပြဲလေ၊ ရမ်းလေရဲလေ၊ နိုင်ငံရေး ‘အာ’ မုန်တိုင်းတွေ ဆိုတာကတော့ သမိုင်းမော်ကွန်းမှာ အရိုင်းဖော်ညွှန်းခဲ့တဲ့ အဖြစ်တွေ၊ သနစ်တွေ၊ ခေတ်တွေဆိုတာ ထပ်ထပ်လှိုင်းခဲ့ပြီ။ ပာစ်တလာတို့၊ မူဆိုလီနီတို့ဆိုတဲ့ ဖက်ဆစ် အာဏာရှင်ကြီးတွေအကြာင်း မမေ့သေးဘူး မပာုတ်လား။ လူတွေလည်း သောက်သောက်လဲသေ၊ တိုင်းပြည်လည်း ခွက်ခွက်လန်ရှုံး။ အဲဒီအာမုန်တိုင်း (အာဏာရှင်ကြီးတွေရဲ့အာလူးမုန်တိုင်း) တွေရဲ့ သမိုင်းကို မမေ့ကြသေးပါဘူးနော်။
ဒါတွေ ထားလိုက်ပါတော့လေ။ ကျုပ်ရဲ့ဥာဏ် တစ်မိုက်တစ်ထွာနဲ့ ထင်ရာမြင်ရာ မကြောက်မရွံ့ နောက်မတွန့်ဘဲ မလျှောက်ဝံ့ဝံ့ လျှောက်ဝံ့ဝံ့ တင်ပြပါရစေဦးဗျာတို့။
သမ္မတကြီးဦးသိန်းစိန် ရည်ညွှန်းသလို ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် နိုင်ငံ့ခေါင်းဆောင် ဖြစ်လာနိုင်ရေးအတွက် ‘ပြည်သူတွေက ရွေးချယ်’ နိုင်ဖို့ရယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး သူရဦးရွှေမန်းပြောသလို။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ အခြေခံဥပဒေမှာ ပြင်စရာရှိတာပြင်၊ ပယ်စရာရှိတာပယ်နိုင်ဖို့။ လောင်းလျာကြီး နှစ်ပါးရဲ့ အလိုတော်များလည်းပြည့်။ ပြည်သူတွေရဲ့ တကယ့်ကယ်တင်ရှင် ဒေါ်အောင်ဆန်းစုကြည်လည်း ထိုက်ထိုက်တန်တန် သမ္မတဖြစ်ရလေအောင် ဒီလိုလုပ်ကြစို့လား။ နိုင်ငံတော်သမ္မတကို ပြည်သူလူထုကြီး တစ်ရပ် လုံးက တိုက်ရိုက်ရွေးနိုင်တဲ့ သမ္မတရွေးကောက်ပွဲစနစ်မျိုး။ ရော့ပတ္တမြား၊ ရော့နဂါးမြှောက်နိုင်တဲ့သမ္မတရွေးကောက်ပွဲစနစ်မျိုး ပြောင်းလဲသတ်မှတ်လိုက်ကြပါတော့လားဗျာ။
လွှတ်တော်တွင်းဆိုတဲ့ စကားလုံးကို ပိာုလိုလို ဒီလိုလိုပြော၊ ပြည်သူတွေရဲ့အတည်ပြုချက်ယူဦးဆိုတဲ့ စကားလုံးကို ပိာုလိုလို ဒီလိုလိုရှုပ်၊ လုပ်မနေကြပါနဲ့တော့။ တကယ်လုပ် အပာုတ်ဖြစ်အောင် ဒီမိုကရေစီစိတ်ဓာတ် ပိစိညှက်ကလေး တစ်မတ်သားသာသာလောက်မွေးပြီး သဘောရှိ ကရောပိာလိုက်ကြပါတော့လားဗျို့။ ။
ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၂၄)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts