>seven new songs from Generation Wave

>

Generation Wave ၏ “မျိုးဆက်လှိုင်း” ထွက်ပြီ
မိုးမခအထောက်တော် အမှတ် ၀၀၃
အောက်တိုဘာ ၆၊ ၂၀၀၉


အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တချို့က ဂီတကို အသုံးပြုကြသည်။ စစ်အစိုးရကို လူငယ်ကြိုက် ခေတ်ပေါ် သီချင်းများဖြင့် အံတုသည့် Generation Wave ခေါ် မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက သီချင်းသစ် ၇ ပုဒ် ထပ်မံ ဖန်တီး ထုတ်ဝေလိုက်သည်။ စက်တင်ဘာ ၂၄ ရက်နေ့မှ စတင်ပြီး ထိုသီချင်းများကို မိတ်ဆက်ကြောင်း ၎င်းတို့၏ ၀က်ဆိုက်တွင် ဖော်ပြထားသည်။

www.gwave-network.co.cc တွင် ထိုသီချင်းများကို တင်ထားသောကြောင့် မြန်နှုန်းမြင့် အင်တာနက်တပ်ဆင်ထားသော ကွန်ပျူတာဖြင့် ဖမ်းယူ နားဆင်နိုင်ပြီ ဖြစ်သည်။

1.) (နိုးထကြလော့)
2.) (တစ်ဆယ်)
3.) (အမေ ၆၄)
4.) (အခြေအနေများ)
5.) (မာရ်နတ်အိမ်)
6.) (တိုက်)
7.) (ခွင့်ပြုတော့မေမေ)

တစ်ဆယ် သီချင်းတွင် တစ်ဆယ်ဂဏန်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျိုးမပေးပုံကို စကားလုံးကြမ်းကြမ်းဖြင့် ရေးဖွဲ့ထားသည်။

သီချင်း ၇ ပုဒ် စုစည်းမှုကို မျိုးဆက်လှိုင်း ဟု အမည်ပေးထားသည်။

ထိုင်းနိုင်ငံရောက် ၎င်းတို့၏ အဖွဲ့ဝင်တချို့က မျိုးဆက်လှိုင်း စီဒီကို ရောင်းချပြီး ရန်ပုံငွေရှာရန် ကြိုးစားနေကြသည်။

စီဒီ ၀ယ်ယူပါက သီချင်းစာသားများကို ရနိုင်မည်ဖြစ်သည်။ စီဒီအဖုံးတွင် သီချင်း ၇ ပုဒ်၏ စာသားများကို ရိုက်နှိပ်ထားသည်။ အကျဉ်းကျခံနေရသော ၎င်းတို့၏ အဖွဲ့ဝင်တချို့၏ ဓာတ်ပုံများဖြင့်လည်း ဒီဇိုင်းဆင်ထားသည်။

အဖွဲ့၏ အီးမေးလ်လိပ်စာမှာ generationwave@gmail.com ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts