>e-book – Aung Way – Student Movements in Burma

>

Sa5sn2k7amr37x7s259_medium

အောင်ဝေး ရွတ်ဖတ်တဲ့ ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ ကျောင်းသားလှုပ်ရှားမှု အီးဘွတ် ထွက်ပြီ

စာအုပ်စင် သာဂိ

အောက်တိုဘာ ၆၊ ၂၀၀၉

ရေဒီယိုဖရီးအေးရှား မြန်မာဌာနရဲ့ အစီအစဉ်တခုဖြစ်တဲ့ ကဗျာဆရာအောင်ဝေးရဲ့ အခန်းဆက်အသံလွှင့်ခန်းက မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း – ကိုဗဟိန်းမှ ကျော်ကိုကိုအထိ အစီအစဉ်ကို မိုးမခက ပြန်လည်ကူးယူပြီးတော့ အွန်လိုင်းဆောင်းပါးအဖြစ် ၂၀၀၉ နှစ်ဆန်းမှ ယခင်အပတ်အထိ တင်ဆက်ခဲ့ပါတယ်။ ယခုအဲသည် အွန်လိုင်းဆောင်းပါးတွေကို ပြန်လည်စုစည်းပြီးတော့ အီးဘုတ်အုပ်အဖြစ် ထုတ်လုပ်ဖြန့်ချိလိုက်ပါတယ်။

အီးဘုတ်အုပ်ကို မြန်မာအိုင်အက်စ်ပီ အဖွဲ့က မေတ္တာနဲ့ လုပ်ကိုင်ပေးတာဖြစ်တယ်လို့ ကြားသိရပါတယ်။ ဟောဒီနေရာမှ ကူးယူပြီးတော့ လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ကြပါပြီ။ ကဗျာဆရာအောင်ဝေး၊ မူလထုတ်လုပ်သူ ရေဒီယိုဖရီးအေးရှား – မြန်မာပိုင်းနဲ့ အီးဘုတ်ဖြစ်အောင် အားထုတ်သူ မြန်မာအိုင်အက်စ်ပီအဖွဲ့ တို့ကို မိုးမခမီဒီယာက ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုက်ပါရစေ။ ဒီထုတ်ဝေဖြန့်ချိမှုဟာ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ၊ စာပေဒါနတခု အဖြစ် ပရိသတ်ကို ပေးခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း။ ပြီးတော့ စာအုပ်ကို သရုပ်ဖော်ရာမှာ ရွှေဝါရောင်တော်လှန်ရေး ဓာတ်ပုံများနဲ့ ပန်းချီ စစ်ငြိမ်းအေး၊ ပန်းချီ မင်းကျော်ခိုင်တို့ကိုလည်း မှတ်တမ်းပြုလိုက်ပါတယ်။ http://www.scribd.com/doc/20675268/Student-Movements-Ko-Ba-Hein-to-Kyaw-Ko-Ko-by-Aung-Way-Final


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts