ဖြစ်ရပ်များ၊ အမှတ်တရများ

Opening Statement of Insein Monks Conference

အမျိုး ဘာသာ သာသနာကို  ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး

သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနိုင်းပွဲ လျောက်ထားချက်များ

မှတ်စုမှတ်တမ်း၊ ဇွန် ၃၀၊ ၂၀၁၃

လက်ခံရရှိသော သတင်းများအရ၊ ဇွန်လ ၂၇ ရက်နေ့၊ အင်းစိန်မြိုံနယ်တွင် ကျင်းပသော သံဃာ့ညီလာခံတွင် အခမ်းအနားမှူးဆရာတော်၏ လျောက်ထားချက်ကို အပြည့်အစုံ တင်ပြလိုက်ပါသည်။ မကြာမီအချိန်အတွင်း သံဃာ့ညီလာခံတွင် တင်သွင်းခဲ့ကြသည့် အမျိုးစောင့်ဥပဒေကြမ်း အဆိုတင်သွင်းချက်များကို ဆက်လက် ဖော်ပြပါမည်။

 အခမ်းအနားမှူးလျှောက်ထားချက်       ။ ပြည်တွင်းပြည်ပမီဒီယာများနှင့် အဖွဲ့အစည်းခေါင်းဆောင်များ၏ မျိုးစောင့်ဥပဒေစာတမ်းနှင့်ပတ်သက်၍ အဓိပ္ပါယ်လွဲမှားစွာဖွင့်ဆိုပြီး သံဃာတော်များအား စွပ်စွဲပြောဆိုချက် များးကို ယ္ခုကျင်းပနေသော အင်းစိန်သံဃာ့ညီလာကြီးသို့ ကြွရောက်တော်မူကြသော သံဃာတော်အရှင်မြတ် များ၏ သဘောထားဆန္ဒကို ရယူနိုင်ရန် အစည်းအဝေးဖြစ်မြောက်ရေးတာဝန်ခံ အတွင်းရေးမှူးဆရာတော်က ဖတ်ကြားလျှောက်ထားရန်ပါဘုရား။

လျှောက်ထားလွှာ။ ။ကြွရောက်တော်မူလာကြသော သံဃမဟာနာယက ဆရာတော်ဘုရားကြီးများ အမှူးပြုသော တိုင်းဒေသအသီးသီး ပြည်နယ်ဒေသအသီးသီးမှ ကြွရောက်တော်မူလာကြသော နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယကဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ စာသင်တိုက်အသီးသီးမှဆရာတော်ကြီးများ၊ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယ ဆရာတောာ် ကြီးများ၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကျောင်းထိုင်ဆရာတော်ကြီးများသို့ ရိုသေစွာလျှောက်ထားပါသည် သံဃာတော်အရှင် သူမြတ်တို့ဘုရား

            မျိုးစောင့်ဥပဒေစာတမ်းနှင့်ပတ်သက်၍    ဤအစည်းအဝေးဖြစ်မြောက်ရေးအဖွဲ့က တရားဝင် သတင်း ထုန်ပြန်ချက် တစ်စုံတရာမရှိသေးဘဲ မျိုးစောင့်ဥပဒေသည် မြန်မာအမျိုးသမီးများအား ဘာသာခြားများနှင့် လက်ထပ်ခွင့်မပြုခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု စွပ်စွဲပြောဆိုချက်များ၊ သံဃာတော်များသည် ဘာသာရေးအလုပ်ကိုမလုပ်ပဲ လူမှုရေးအလုပ်များကို လုပ်နေသည်ဟူသော စွပ်စွဲချက်များ၊ သံဃာတော်များ သည် လူ့အခွင့်ရေးကို မလေးစားမလိုက်နာဟူသော စွပ်စွဲချက်များဖြင့် သံဃာတော်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုပုတ်ခတ်ရေးသားခြင်းများ၊ သံဃာတော်များ၏ အမျိုး ဘာသာ သာသနာ အပေါ်ထားရှိသော ကောင်းမြတ်သောစေတနာနှင့် မေတ္တာတရားများကို ကိုးကွယ်သူ ဒကာ ဒကာမများအား အထင်မှား အမြင်မှား ဖြစ်အောင် လှုံ့ဆော်ပေးခြင်းစသော အကြောင်းတရားများကို ဖန်တီးနေကြသည်ကို သံဃာတော်များလည်း ကြားသိပြီးဖြစ်ပါလိမ့်မည် အရှင်မြတ်တို့ဘုရား။

            ပြည်သူများသိထားသင့်သည်မှာ ဥပဒေကို သံဃာတော်များက ရေးဆွဲ၍မရနိုင်ကြောင်း သို့သော် သံဃာတော်များမှ အကြံပြုခြင်းကိုသာ ပြုလုပ်နိုင်ကြောင်းကိုလည်း ပြည်သူများသိထားပြီးဖြစ်ပါသည် အရှင်မြတ်တို့ဘုရား။ လူသားတိုင်း ဆန္ဒထုတ်ဖော်ပြောဆိုခွင့်ရှိသည်ကို သံဃာတော်များသိထားပါသည်။ သို့သော် သံဃာတော်များမှ လုံးဝပြဋ္ဌာန်း သတ်မှတ်ထားခြင်း ဆုံဖြတ်ချက်ချခြင်းစသည် တစ်စုံတရာမပြုရ သေးးသည့် အကြောင်းအရာကို သံဃာတော်များအား ရှုံ့ချပြောဆိုခြင်းများကို ပြုခြင်းမှာ တရားမျှတစွာ ပြောဆိုရာမရောက်ကြောင်း လျှောက်ထားလိုပါသည် အရှင်မြတ်တို့ဘုရား။

            မျိုးစောင့်ဥပဒေစာတမ်းပါ အချက်အလက်များကို ခြုံငုံသုံးသပ်ပြရလျှင် မျိုးစောင့်ဥပဒေသည် အမျိုးသမီးအခွင့်အရေးကို (ဥပမာ အမျိုးသမီးများ နိုင်ငံခြားသား သို့မဟုတ် ဘာသာမတူသူများကို လက်မထပ်ရဟူသော တားဆီးပိတ်ပင်မှု့ကို) ဆွေးနွေးထားခြင်းမဟုတ်ပဲ ဤညီလာခံကြီး၏ မူလရည်ရွယ် ချက်အတိုင်း ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း ဥပဒေကျင့်သုံး လိုက်နာမှုအပိုင်း၌ ပျက်ကွက်နေ၍ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဖြင့် ရပ်တည်နေရသော မြန်မာအမျိုး သမီးများ၏ ရသင့်ရထိုက်သော အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးနေသည်ကို တွေ့မြင်နေကြရပါသည်ဘုရား။ ထိုကြောင့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများအတွက် အမျိုးသမီးအခွင့်အရေးမဆုံးရှုံးရအောင် နိုင်ငံတော်သို့ ဥပဒေပြုပေးနိုင်ရန် တင်သွင်းခြင်းသာဖြစ်ကြောင်း အသိပေးလျှောက်ထားရခြင်းပါဘုရား။

            ယ္ခုကြွရောက်တော်မူလာကြသော သံဃမဟာနာယက ဆရာတော်ဘုရားကြီးအမှူးပြုသော ပြည်နယ် နှင့်တိုင်းဒေသအသီးသီးမှ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များသည် မြန်မာ အမျိုးသမီးများ အခွင့်အရေးကို ဆုံးရှုံးအောင် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မြန်မာအမျိုးသမီးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်းကို သံဃာတော်များမှ သဘောဆန္ဒတူညီကြ ပါလျှင် သာဓုသုံးကြိမ် ခေါ်ဆိုတော်မူကြပါ သံဃာတော်အရှင်သူမြတ်တို့ဘုရား။

            ဤညီလာခံကြီး၏ အဓိကရည်ရွယ်ချက်သည် အမျိုးဘာသာ သာသနာတော်ကို ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သော ညီလာခံကြီးဖြစ်၍ ဆရာတော်သံဃာတော်များက မိမိတို့၏ဆန္ဒ အသီးသီးကို လွတ်လပ်စွာ ထုတ်ဖော်ဆွေးနွေးကြပါရန်ကိုလည်း ရိုသေစွာလျှောက်ထားပါသည် ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ဘုရား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts