>Thee Lay Thee Performance to be broadcast on DVB

>

သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် အထူးအစီအစဉ်ကို ဒီဗီဘီက စီစဉ်ထုတ်လွှင့်မည်

မိုးမခအထောက်တော် ၀၀၃

အောက်တိုဘာ ၅၊ ၂၀၀၉

ယခင်အပတ်က သတင်း ထုတ်ပြန်ခဲ့သော သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့် အပိုင်း ၃ အစီအစဉ်မှာ နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ)က ရုပ်မြင်သံကြား အစီအစဉ်အဖြစ် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပရိသတ်များ အတွက် ထုတ်လုပ် ပြသရန် ပြင်ဆင်လျက် ရှိနေပြီ ဖြစ်ကြောင်း ဖြည့်စွက်သတင်း အဖြစ် သိရှိရသည်။

သီးလေးသီးဝိုင်းတော်သား လူရွှင်တော် ပန်းသီးက – ထိုအငြိမ့်ပွဲသဘင်ကို ဒီဗီဘီ ဖြော်ဖြေရေး ရုပ်သံက စီစဉ်ရိုက်ကူး တည်းဖြတ်ပေးထားကြောင်း၊ ၎င်းအငြိမ့်ပွဲကို ရုပ်မြင်သံကြား အစီအစဉ်အဖြစ် ချစ်သော ပရိသတ်တို့ အားပေး ကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း၊ ဗီဒီယိုခွေ အဖြစ် ထုတ်လုပ်ဖြန့်ချိမည့် အစီအစဉ်ကို ယခု လောလောဆယ် ဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်း ပြောကြားသွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts