>Hostages Released in Rangoon

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှ ဓားစာခံတချို့ ပြန်လည်လွတ်မြောက်ခြင်း
မိုးမခ ဓာတ်ပုံအက်ဆေး

စက်တင်ဘာ ၁၉၊ ၂၀၀၉

စစ်အစိုးရ ထိန်းချုပ်ထားသည့် အရာများစွာရှိသည့်အနက် သက်ရှိ လူသားများလည်း ပါဝင်သည်။ လုံခြုံရေးအတွက် ကာကွယ်ခြင်း၊ လက်စားချေခြင်း၊ အယူအဆ မတူညီခြင်း၊ အနိုင်ကျင့်လိုခြင်း စသည့် အကြောင်းအရာမျိုးစုံဖြင့် နိုင်ငံရေးနှင့် ဆက်နွယ်သူများစွာကို ဖမ်းဆီး နှိပ်စက် အကျဉ်းချလျက်ရှိသည်။ ထိုအကြောင်းအရာများဖြင့် စစ်အစိုးရက ထောင်သွင်း အကျဉ်းချထားသူ ၂၀၀၀ ကျော်ထဲမှ ယမန်နေ့က ၂၅၀ ကို ပြန်လွှတ်မည်ဟု ကြေညာသဖြင့် အများက သြဘာပေးကြလေသည်။ သြဘာသံ ကြားလိုသဖြင့် ဓားစာခံတချို့အား ပြန်လည် လွှတ်ပေးသည်နှင့်ပင် တူတော့သည်။ ဟုတ်သည်၊ ယမန်နေ့က အင်းစိန်ထောင် နှင့် အနီးတ၀ိုက်မှ မြင်ကြရသည်မှာ ဓားစာခံတချို့ ပြန်လည်လွတ်မြောက်လာသည့် မြင်ကွင်းများပင် ဖြစ်သည်။ စစ်အစိုးရက ဓားစာခံများကို သိက္ခာချလိုခြင်းကြောင့် ရာဇ၀တ်မှု မျိုးစုံဖြင့် ထောင်ကျနေသည့် အရပ်သားများနှင့် ရောနှောပြီး လွှတ်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရသည်။။


လွတ်မြောက်သူ အချို့က ပျော်ရွှင်သည့် ပုံသဏ္ဍန်မြင်တွေ့ရသော်လည်း မပျော်နိုင်သူများလည်း မြင်တွေ့ရ။


လွတ်လာသည့် အတွက် ပြုံးပျော်နေသူ တဦး။ သူက ရေတပ်အရာ ရှိဟောင်းတဦးဖြစ်ပြီး ထောင်ထဲတွင် ၅နှစ်တာမျှ နေထိုင်ခဲ့ရသည်ဟု သိရသည်။


ပြည်ပရောက် အစ်ကိုဖြစ်သူကို ဖုန်းဆက်သွယ်ရုံမျှဖြင့် ထောင်ဒဏ် ၁၀ ကျခံခဲ့ရသူ ဒေါ်တင်တင်မြင့်၊ လွတ်ရက်စေ့ရန် လပိုင်းမျှသာ လိုတော့သည်ဟု ဆိုသည်။


သတင်းမီဒီယာကို ဖြေကြားလျက်ရှိသည့် အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း


အင်းစိန်ထောင်ဝင်း အတွင်းရှိ ခန်းမတွင် သြ၀ါဒနာခံကာ လမ်းစရိတ် တဦးလျှင် ၁၀၀၀ ကျပ်ကို လက်ခံအပြီး ပိုင်ဆိုင်သမျှ အ၀တ်အစား အသုံးအဆောင်များ သယ်ယူပြီး အိမ်အပြန်


အင်းစိန်ထောင်အုတ်ရိုး နဘေးမှ ကပ်လျက် လျှောက်လာသည့် လွတ်မြောက်လာသူ တဦး။ မြင်ရသည့် အုတ်ရိုးအတွင်းဘက်မှာ ဘ၀၏ နှစ်လများစွာကို ကုန်ဆုံးခဲ့ရ


အင်းစိန်ထောင်ဗူးဝ လူထွက်ပေါက်မှာ စောင့်ဆိုင်းနေကြသည့် မိသားစုများ၊ ကိုယ်စောင့်မျှော်နေသူ ပါမပါ မသေချာ၊ ပါလျင် ပျှော်ရွှင်ရသော်လည်း မပါလျှင်တော့…….


လုပ်သင့်တာလုပ်ခဲ့တဲ့အတွက် နောင်တရစရာ မလို မှားသည်ဟု မယူဆခဲ့၊ လွတ်လာပြီးသည့်နောက်လည်း သတင်းထောက်အလုပ်ကို ဆက်လုပ်ကိုင်သွားမည်ဟု ဆိုသည့် မအိမ့်ခိုင်ဦး


ထောင် ၇နှစ် ချမှတ်ခံခဲ့ရပြီး ၂နှစ်နီးပါး အကြာတွင် လွတ်မြောက်လာသည့် သတင်းထောက် ကိုကျော်ကျော်သန့် အား မိတ်ဆွေသင်္ဂဟများနှင့်အတူ


အဖြစ်အပျက်ကို မှတ်တမ်းတင်ရုံမျှဖြင့် သေဒဏ်စီရင်ချက် ချခံခဲ့ရပြီးနောက် ဘ၀၏ သက်တမ်းမှ ၂၁ နှစ်တာကို အုတ်နံရံအတွင်း ကုန်ဆုံးခဲ့ရသူ၊ “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဗီဒီယို မှတ်တမ်းတင်ခဲ့သူ ဦးဝင်းမြင့်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts