>Tsunami Scare in Rangoon

>

ရန်ကုန်မြို့ သာကေတမှာ ဆူနာမီလန့်ဟု ဆို

မိုးမခအထောက်တော် ၀၀၃

စက်တင်ဘာ ၁၄၊ ၂၀၀၉

ဒီမနက်သတင်းအရကတော့ သာကေတမြို့နယ်မှာ ဆူနာမီသတိပေးချက် ဖြန့်နေတယ်ဆိုပြီးတော့ ကျောင်းတွေက ကလေးတွေကို ပြန်လွှတ်တယ်လို့ ဆိုပါတယ်။ အဲသည်သတင်းက ဘတ်စကားတွေက တဆင့်ပြန့်ပြီးတော့ ကျောင်းတွေကနေ မိဘတွေက ကလေးတွေကို ပြန်ခေါ်ဖို့ ကြိုးစားကြတယ်လို့ သိရပြန်တယ်။ တချို့တွေကတော့ အိမ်အမြင့်တွေမှာ မနေဘဲနဲ့ အောက်မှာ ဆင်းနေကြလို့လဲ ပြောကြပြန်ပါတယ်။

မိုးဇလ အဆိုအရကတော့ သတိပေးချက် မထုတ်ပြန်ပါကြောင်း၊ ပြင်ဆင်မှု လေ့ကျင့်မှု တခု ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း၊ ယခု သုဝဏ္ဏအားကစားကွင်းမှာ ပြင်ဆင်နေကြတာရှိတယ်လို့ ပြောကြောင်း ကြားတယ်လို့ သတင်းပေးတဦးက ပြောပါတယ်။

သြဂုတ်လ ၁၁ ရက်က မိုးဇလက ဆူနာမီသတိပေးချက်ထုတ်ပြန်ပြီးတော့ ပြန်ရုတ်သိမ်းဖူးပါတယ်။ အဲသည်တုံးက အိန္ဒိယပင်လယ်ထဲမှာ ငလျင်တခု လှုပ်ပြီးတော့ ၀မ်နင်ထုတ်တာမျိုး၊ နောက်တော့ ရုတ်သိမ်းခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts