ဓာတ်ပုံသတင်း

Mudita Shwe Kyaung – 2 year of founding food charity with 88 generation students

 မုဒိတာရွှေကျောင်း ၂ နှစ်ပြည့် စတုဒိသာ၊ ဘေးဧရိယာရောက် ၈၈ မျိုးဆက်များလည်း တက်ရောက်

မိုးမခဓာတ်ပုံသတင်း၊ SFBC Organizers၊ ဇူလိုင် ၁၊ ၂၀၁၃

ဇွန် ၃၀၊ ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ အရှင်ဥာဏိကာဘိဝံသ ကျောင်းထိုင်သီတင်းသုံးသော မုဒိတာရွှေကျောင်း ၂ နှစ်ပြည့် တရားစခန်းသိမ်းပွဲနဲ့ ဧည့်သည်တော်များကို အဟာရဒါနလှူဒါန်းပွဲတော် ကျင်းပခဲ့ရာမှာ ဧည့်ပရိသတ်များစွာ တက်ရောက်ကြတာကို တွေ့ရပါတယ်။ ရွှေမင်းဝံဆရာတော်ရဲ့ တရားစခန်းသိမ်းနှင့်အတူ ဘေးဧရိယာ ဘုန်းတော်ကြီးကျောင်းများက ဆရာတော်များ၊ မြန်မာပြည်က ဧည့်ဆရာတော်များနှင့်အတူ ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၊ အရှင် ရဝေနွယ်တို့လည်း ကြွရောက် ချီးမြှောက်တော်မူကြပါတယ်။


ဆန်ဖရန်ဘေးဧရိယာက လူကြီး၊ လူငယ်များ၊ မိသားစုများ စုဝေးကြပြီး စုပေါင်းအလှူဒါနများ ပြုလုပ်ကြခြင်း၊ တရားနာကြားခြင်းများ ပြုလုပ်ကြတဲ့ ဘေးဧရိယာရဲ့ ဘာသာရေး ထုံးတမ်းစဉ်လာ ပွဲတော် ဖြစ်ပါတယ်။ အဟာရဒါနအလှူရှင်များက မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများကို လှူဒါန်းကြရမှာ စည်ကားသိုက်မြိုက်စွာ အားပေးကြတာကို တွေ့ရပါတယ်။

San Francisco Bay Area Burmese Community Organizers ကတော့ ကြက်သားဆာတေး အလှူပြုလုပ်ခဲ့ပါတယ်။
 မြန်မာပြည်က ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ကိုမင်းဇေယျာ၊ ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော်တို့ကလည်း မုဒိတာရွှေကျောင်းပွဲတော်ကို လာရောက်ပြီး မြန်မာမိသားစုများနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။ ဆရာတော်သံဃာတော်များနဲ့လည်း တွေ့ဆုံဖူးမြှော်ခဲ့ကြပါတယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts