>Maung Shwe – 2010 Challenge & NLD

>

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မောင်ရွှေ
မေ ၁ဝ၊ ၂ဝဝ၉

“- – သူနဲ့ ဒေါ်စုတို့ သက်ရှိ ထင်ရှား ရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ် – – ”

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့ တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင် ဖြစ်လို့ လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်၊ နိုင်ငံရေး ပါတီများ အတွက် ပြောရေး ဆိုခွင့်တွေ ပိုမို ရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေး စနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါ လို့ ဆိုကြ ပြန်ပါတယ်။ ဒီတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ပတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့်ကြရအောင်။

Xxx – – – – xxX



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts