>Miss Red Ribbon Competition for Burmese Gay hosted in Burma

>

မြန်မာ့ အလှ (မောင်မစ္စက) မယ် ပြိုင်ပွဲကြီး ရန်ကုန်မှာ ခမ်းနားစွာ ကျင်းပခဲ့

မိုးမခ ဓါတ်ပုံ သတင်း

စက်တင်ဘာ ၉၊ ၂၀၀၉

အလှဖန်တီးရှင် များ၏ အလှမယ် ပြိုင်ပွဲ လို့ ယဉ်ကျေးစွာ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ အနှံ့မှ မိန်းမရှာအလှပြင်သူများ အလှမယ် အဖြစ်ပြိုင်ပွဲကို ပြီးခဲ့သည့် လကုန်ရက်က ဆီဒိုးနား ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ကောက်ခံရရှိတဲ့ အလှူငွေ ကျပ် သိန်း ၁၀၀ ကျော်ကို အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာနဲ့ ယှဉ်ဘောင်တန်း နိုင်ဖို့အတွက် မြန်မာနိုင်ငံမှ မိန်းမရှာ များလည်း အခြား နိုင်ငံမှ သူများနည်းတူ အခွင့်အရေး ရရှိနိုင်ဖို့ ခြေလှမ်းတလှမ်းလားလို့ ယူဆမိပါတယ်။ ဒီပွဲ ကျင်းပခွင့်ကို လျှောက်ထားရာမှ ရှေးဦးစွာ သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုခဲ့လို့ နိုင်ငံတော် သူဌေးကြီး ဦးတေဇရဲ့ မရီးတော်သူ ဒေါ်ယုဇော်က လျှောက်ပေးမှ ခွင့်ပြုချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နေတယ်လို့ နအဖ အစိုးရကဆိုတဲ့ မြန်မာနိုင်ငံမှာ မိန်းမရှာအခွင့်အရေးလည်း တစနဲ့ တစရလာပြီလားလို့ တွေးဆစရာပါ။

Photo Copyright@ Moemaka


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts