>singers couple: proud parents-to-be

>


ထူးအယ်လင်း နဲ့ မီးမီးခဲ ကလေးချီရတော့မည်
မိုးမခ အထောက်တော် အမှတ် ၀၀၅
စက်တင်ဘာ ၈၊ ၂၀၀၉


(photos: moemaka)

နာမည်ကျော် အဆိုတော်များဖြစ်သည့် ထူးအယ်လင်း နှင့် မီးမီးခဲတို့သည် လာမည့်လတွင် ရင်သွေးငယ် ရရှိတော့မည်ဟု စက်တင်ဘာ ၁ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။

ယခု အိမ်ထောင်သက် ၆ နှစ်အကြာတွင် ကလေးယူခြင်း ဖြစ်သည်ဟု အဆိုတော် မီးမီးခဲက ပြောသည်။

“မီးမီး အိမ်ထောင်ကျတော့ အသက် ၁၈ နှစ်ပဲ ရှိသေးတာ။ ဒါကြောင့် မီးမီး အမျိုးသားက ကလေးလိုချင်ပေမယ့် မီးမီး ငယ်သေးတော့ အားနာလို့ တဲ့။ ကလေး နှစ်ယောက် ထိန်းရသလို ဖြစ်နေမှာလည်း သူစိုးရိမ်တယ်လေ” ဟု မီးမီးခဲက ပြောသည်။

ယခု ရရှိထားသည့် ကိုယ်ဝန်သည် ၇ လ ကျော်ပြီဟု ဆိုသည်။ ကိုယ်ဝန် ၅ လ ရှိသည့် အချိန်အထိ ပြည်တွင်း ပြည်ပ စတိတ်ရှိုးများတွင် ပါဝင်သီဆိုခဲ့သည်ဟု သိရသည်။

ဗိုက်ထဲမှ ကလေးက ကိုယ်ဝန်ရင့်လာသည့်အခါ တွန်းထိုးသဖြင့် ကြည်နူးမိသည်ဟု ဆိုသည်။

“သူ့ကို (ကလေးကို) တွေ့ရင်တော့ ပိုပျော်မယ် ထင်တယ်။ အခုကတော့ မီးမီးထက် အမျိုးသားက ပိုပျော်နေတာ။ သားလေးပဲ ရရ၊ သမီးလေးပဲ ရရ နှစ်ယောက်စလုံးက သဘောကျတယ်။ ချစ်မှာပဲ” ဟု လပိုင်းအတွင်း မိခင်တဦး ဖြစ်လာတော့မည့် အဆိုတော်က ပေါ်ပြူလာ ဂျာနယ်သို့ ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts