>Junta kept arresting and releasing Burmese activists

>

စစ်အုပ်စု၏ အဖမ်းအဆီးများနှင့် ပြန်လွှတ်ပေးသူများ စာရင်းရရှိသမျှ

မိုးမခအထောက်တော် ၀၀၄

သြဂုတ် ၂၉၊ ၂၀၀၉

သြဂုတ်လ ၁၆ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်မှာ ဒေါ်စုလွတ်မြောက်ရေးစာတမ်းများ ဖြန့်ချိတယ်ဆိုပြီး ဖမ်းဆီးခံထားရသူ မမာမာအေးကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၆ က ကျောက်မြောင်းအင်တာနက်ဆိုင်မှာ ဖမ်းဆီးခံရသူ ကိုနိုင်ငံလင်း ဆိုသူကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ၎င်းသည် အင်န်အယ်ဒီရုံးချုပ်မှာ အင်္ဂလိပ်စာ ပြနေသူတဦး ဖြစ်ပါတယ်။ သြဂုတ်လ ၂၄ က နေအိမ်တွင် ဖမ်းဆီးခံရသူ ကိုမင်းသိန်းကိုလည်း ပြန်လည် လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ နိုင်ငံခြားရေးရာ ၀န်ထမ်းများနဲ့ အင်န်အယ်ဒီလူကြီးများတွေ့ဆုံနေချိန်မှာ နိုင်ငံရေးဖိနှိပ်မှုတွေကို စစ်အုပ်စုက ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သတင်းပို့သူက မှတ်ချက်ပေးပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts