>Burmese in SF Bay protest against Chevron

>


ရှယ်ဗရွန်ရေနံကုမ္ပဏီ ဆန္ဒပြပွဲ ဆန်ဖရန်ဘေးဧရိယာက မြန်မာတို့ ဆင်နွှဲ

မိုးမခဓာတ်ပုံသတင်း၊ ထွန်းမြတ်ယူ

သြဂုတ် ၁၆၊ ၂၀၀၉

မြန်မာပြည် ရေနံလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုပြုလုပ်ထားသော အမေရိကန်ကုမ္ပဏီ ရှယ်ဗရွန်အခြေစိုက်ရာ ဆန်ဖရန်ဘေးဧရိယာ၊ ရစ်ခ်ျမွန်းဒေသ စက်ရုံရှေ့တွင် သြဂုတ် ၁၅ ရက် နေ့ခင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဒေသခံများ လူဦးရေ ၅၀၀ ခန့် စုဝေးပြီး ရှယ်ဗရွန်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပျက်ကွက်မှုများကို ၀ိုင်းဝန်းကန့်ကွက်ဆန္ဒပြကြသည်ကို တွေ့ရသည်။


ဘေးဧရိယာဒေသအခြေစိုက် မြန်မာအရေးလှုပ်ရှားတက်ကြွသူများ၊ အဖွဲ့အစည်းများကလည်း ဒေသခံများနှင့်ပူးပေါင်းကာ မြန်မာစစ်အစိုးရ၏ အကျိုးစီးပွားကို အားပေးကူညီနေသူ အမေရိကန်ကုမ္ပဏီအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။


အမေရိကန်ကုမ္ပဏီ ယူနိုကယ်သည် ၁၉၉၂ ကတည်းက မြန်မာပြည် ဂက်စ်ပိုက်လိုင်းများတွင် ရင်းနှီးမှု ပြုခဲ့သူဖြစ်သည်။ ၎င်းကို အတ်သ်ရိုက်အင်တာနေရှင်နယ်၊ မြန်မာရွာသားများနှင့် FTUB ခေါ် မြန်မာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်တို့က အမေရိကန်တွင် ၁၉၉၆ ကစတင်ပြီး တရားစွဲဆိုရန် ကြိုးစားခဲ့ကြသည်။ ရှယ်ဗရွန်ကုမ္ပဏီက ယူနိုကယ်ကုမ္ပဏီကို ၀ယ်ယူရန် ပြင်ဆင်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ထိုတရားစွဲဆိုသူများကို ကုမ္ပဏီလုပ်ငန်းရှင်များက လျော်ကြေးငွေများကို ပေးပြီး အမှုကို ပိတ်ပစ်ခဲ့သည်။ ရှယ်ဗရွန်သည် ၂၀၀၈ တွင် အမေရိကန်ကွန်ဂရက်၏ သပိတ်မှောက်ရန်ဖိအားကို ရှောင်ရှားနိုင်ခဲ့သည်။ ရှယ်ဗရွန်သည် နိုင်ငံတကာရှိ ဆင်းရဲသောနိုင်ငံများ၊ အာဏာရှင်နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင်များကို ထိခိုက်စေခြင်း၊ အလုပ်သမားများနှင့် လူထုကို မတရားအမြတ်မှုများပြုလုပ်ခြင်းတို့ဖြင့် ထင်ရှားသည်ဟု သဘာ၀၀န်းကျင်နှင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးအတွက် လှုပ်ရှားသူများ၊ အဖွဲ့များက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts