>Karen news group goes online

>

ကရင်သတင်းဌာန ၀က်ဆိုက် သုံးပြီ
မိုးမခ အထောက်တော် အမှတ် ၀၀၄
သြဂုတ် ၁၅၊ ၂ဝဝ၉


မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်သည့် သတင်း အင်တာနက် စာမျက်နှာ တခု ပေါ်ပေါက်လာသည်။ လိပ်စာမှာ www.kicnews.org ဖြစ်ပြီး ကရင်သတင်းဌာန ( KIC ) က ဖန်တီး ထားခြင်း ဖြစ်သည်။

KIC သည် ၁၉၉၇ ခုနှစ်က စတင် လည်ပတ်ခဲ့သော်လည်း ကိုယ်ပိုင် ၀က်ဘ်ဆိုက်ကို ယခုမှ အသုံးပြုခြင်း ဖြစ်သည်။

ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ KIC တွင် ၀ိုင်းတော်သားဦးရေ နည်းပါးသည်ကို တွေ့ရသည်။

KIC က လစဉ် သတင်းစာစောင်တခုကို ဗမာ၊ စကောကရင် ဘာသာတို့ဖြင့် ထုတ်ဝေလျက်ရှိသည်။ ထိုစာစောင်တွင် ကရင်တိုင်းရင်းသားတို့၏ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အကြောင်းအရာများကို တွေ့နိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts