>Burmese in LA marked 88 – 21 Years Event

>

အယ်လ်အေက မြန်မာများ ၈ လေးလုံး ၂၁ နှစ် အခမ်းအနားကျင်းပ

မိုးမခဓာတ်ပုံသတင်း

သြဂုတ် ၁၀၊ ၂၀၀၉

ယမန်နေ့ သြဂုတ် ၉၊ ကယ်လီဖိုးနီးယားပြည်၊ အယ်အေမြို့ရောက် မြန်မာမိသားစုများ၊ အဖွဲ့အစည်းများ စုဝေးကြပြီး မြန်မာပြည်၏ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အယ်လ်ပွန်တေး မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြသည်ဟု သိရသည်။ အခမ်းအနားတွင် ဘာသာပေါင်းစုံက ဒီမိုရေစီရေးတိုက်ပွဲအဆက်ဆက်တွင် ကျဆုံးသွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အတွက် ဆုတောင်းခြင်းများပြုလုပ်ကြပြီး တက်ရောက်လာကြသော ဧည့်သည်များကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်ဟု ဆိုသည်။ (ဓာတ်ပုံ – ဘိုဘို)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts