>Htain Linn – Mar Mar Aye 67 Poem

>

သံစဉ်မိခင် မွေးနေ့ရှင်

ထိန်လင်း

ဇူလိုင် ၂၇၊ ၂၀၀၉

သံစဉ်ရဲ့ မိခင်

တေးသံလွင် ချိုချိုညင်းလို့

သီချင်းနဲ့ အလှဖော်

တိုင်းပြည့်အကျော်။

စိတ်ဓာတ်ခိုင်မာ

ဘယ်အရာ အမှန်တရား

ပြတ်သားလို့ ရပ်တည်

ပြည်မြန်မာ သာမယ့်လမ်းကို

တမ်းတရည်မျှော်။

ခြောက်ဆယ့်ခွန်

ရောက်ရက် မလွန်ခင်

ဂီတရှင် စိတ်ရွှင်လန်းစေဖို့

ရည်မှန်းကာ ဆုခြွေတောင်းတယ်

အေးမြစေကြောင်း။ ။

၂၆၊ ၇၊ ၂၀၀၉

(တေးသံရှင် မာမာအေး၏ ၆၇ နှစ်ပြည့် မွေးနေ့သို့)

photo – Burma Today


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts