>Judgment

>

စီရင်ချက်
ရိုင်းမြနဒီ
ဇူလိုင် ၂၅၊ ၂၀၀၉


အမှန်တရားကို
ဓားတလက်နဲ့လဲရမှာလား
ဘုရားတရားဖက်လို့
မျက်စိမှိတ်ဆုတောင်းရမှာလား။

သံကြိုးခတ်ထားတဲ့
သွေးစက်တံတိုင်းတွေရဲ့အသံဟာ
မှို်င်းတွေခံနေတယ်
လှိုင်းလေထန်နေတယ်။

ဒီလောကကမ်းပါးမှာ
အကြောက်တရားတို့ရဲ့ ကစားပွဲဆိုတာ
တယောက်သွားလမ်းပဲ ပါသတဲ့။

အသည်းကောင်းရင်တော့
လက်ခမောင်းခတ်ထား
ကိုယ့်နွားကိုယ်စိုင်း
ကြိုက်သလောက်ရိုင်းနိုင်တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts