>
ဝါရင့် အနုပညာရှင်များ ဆေးရုံရောက်
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၂၄၊ ၂၀၀၉
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၂၄၊ ၂၀၀၉
သရုပ်ဆောင် ချိုပြုံး၊ သရုပ်ဆောင် ၀ါဝါ၀င်းရွှေ၊ အဆိုတော် ထားတို့သည် ကျန်းမာရေး ချို့ယွင်းသဖြင့် ဆေးရုံတင်ခဲ့ရသည်ဟု တနင်္လာနေ့ထုတ် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။
၎ ထပ်ကွမ်း အကယ်ဒမီ သရုပ်ဆောင် ချိုပြုံးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ခါးနာဝေဒနာ ခံစားရသဖြင့် ဆေးရုံရောက်ခဲ့ရာ ကျောရိုးစောင်း၍ နာကျင်ခြင်းဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရသည်ဟု သိရသည်။
သရုပ်ဆောင် ၀ါဝါ၀င်းရွှေသည် ရင်ဘတ်အောင့်သည့် ဝေဒနာကြောင့် အာရှတော်ဝင် ဆေးခန်းသို့ သွားရောက်ပြီး နှလုံးအထူးကု ဆရာဝန်ကြီးများ၏ ကုသမှုကို ခံယူလျက်ရှိသည်ဟု ဆိုသည်။
အဆိုတော် ထားသည် ဇူလိုင်လ ၁၂ ရက်နေ့က ရုတ်တရက် ဗိုက်အောင့်လာသဖြင့် ဆေးရုံ တင် စစ်ဆေးရာတွင် သည်းခြေတွင် ကျောက်တည်နေကြောင်း တွေ့ရသည်ဟု ဆိုသည်။ သားဖြစ်သူ အဆိုတော် ဇော်ဝင်းထွဋ်က ပြုစုနေသည်ဟု သိရသည်။
