>Burmese Junta to purnish its soliders for leaking information

>


မြောက်ကိုရီးယားလိုဏ်ခေါင်းကဲ့သို့ သတင်းပေါက်ကြားမှုမျိုးတွင်
စစ္အစိုးရက တပ္မေတာ္သားမ်ားကို အေ
ရးယူမည်
မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၁၃၊ ၂၀၀၉
စစ်အစိုးရ နံပတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ – AP)

လွန်ခဲ့သည့် ရက်သတ္တပတ်များက မြောက်ကိုရီးယား လိုဏ်ခေါင်းများ ကိစ္စ၊ သံတမန် ဆက်ဆံရေး ကိစ္စများ ပြင်ပ မီဒီယာများသို့ ပေါက်ကြားခဲ့သည်ဟု ဆိုကာ စစ်အုပ်စု ခေါင်းဆောင်များက တပ်မတော်သားများ၊ အရာရှိများကို စုံစမ်းမည်၊ အရေးယူမည်၊ လိုအပ်ပါက သေဒဏ် ပေးသည်အထိ ပြင်းပြင်း ထန်ထန် ဆောင်ရွက်မည်ဟု ကြားသိရကြောင်း အမည် မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောဆိုသည်ဟု ရန်ကုန်မှ လာသောသတင်းတခုအရ သိရသည်။

အတည်မပြုနိုင်သည့် သတင်းတခုတွင် ထိုမှတ်တမ်းများနှင့် ဆက်စပ်ပြီး တပ်မတော် အရာရှိ ၁၀ ဦးခန့်ကို ထိမ်းသိမ်းထားသည်ဟု ဆိုသည်။

၂၀၀၇ နှစ် နောက်ပိုင်း အင်တာနက် သုံးစွဲမှု ပြည်တွင်းတွင် ရေပန်းစားလာခဲ့ပြီး တပ်မတော်အတွင်း သာမက ပြည်ပရောက် တပ်မတော် အရာရှိငယ်များကြားတွင်လည်း ခေတ်စားသော အလေ့တခု ဖြစ်လာခဲ့ရာ စစ်အုပ်စု ခေါင်းဆောင်များအတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ် စစ်ဆင်ရေးအတွက် သုံးစွဲသည့် နည်းတူ တပ်မတော်သားများ အတွင်းမှ သတင်းများ၊ အတွင်းရေးများကိုပါ ဖော်ထုတ် ဖြန့်ချိစရာ ဖြစ်လာခဲ့သည်ကို တွေ့နေရသည်။

ထိုနောက် ၂၀၀၈ နောက်ပိုင်းတွင် တပ်မတော်သားများ၏ ခံစားချက်များ၊ အတွေ့အကြုံများ ထုတ်ဖော်ပြောဆိုရာ အင်တာနက် ၀က်ဆိုက်တခုဖြစ်သည့် “ဖိုးတရုတ်” ( http://www.photayokeking.org ) မှာ မြန်မာ အင်တာနက် စာဖတ်ပရိသတ်များကြား ထင်ရှားလာသည်ဟု မိုးမခ စာဖတ်သူ အချို့က မှတ်ချက်ပေးခဲ့သည်။ ထို အင်တာနက် ၀က်ဆိုက် မတိုင်မီက အမေရိကန်ပြည်တွင် နိုင်ငံရေး ခိုလှုံခဲ့သူ တပ်မတော်အရာရှိ အောင်လင်းထွဋ်၏ အင်တာနက် ပေးစာများမှာလည်း မြန်မာစာဖတ်သူတို့ အတွက် အာရုံစိုက် ဖတ်ရှုစရာ ဖြစ်လာခဲ့သည်။

“ခုချိန်မှာ တပ်မတော်ကြီးဟာ ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲ စည်းလုံးမည် ဆိုတာကို ပိုမိုပြီး လူထုကြားမှာ သက်သေ ပြရတော့မယ် ထင်ပါတယ်။ လူတွေကြားထဲမှာ ဒီလို သတင်းတွေ၊ စာတွေ၊ ဓာတ်ပုံတွေ ပိုမိုပြီး ပြန့်နှံ့လာနေတာကို ငြင်းလို့ မရပါဘူး” ဟု ရန်ကုန်မြို့ အခြေစိုက် ဂျာနယ် သတင်းသမား တဦးက မှတ်ချက်ပေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts