မာမာအေး

Mar Mar Aye 488

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၈၈)
 စာအုပ် နဲ့ CD
မာမာအေး
ဇူလိုင် ၄၊ ၂၀၁၃ 

ဇန်နဝါရီလက ရန်ကုန်မြို့မှာ တွေ့ရတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေး
သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

 သောတရှင်တို့ရေ …
မာအေး အခု မွေးရပ်မြေ ပြန်ရောက်နေပါတယ်ရှင်။ ဒီတခေါက်ရဲ့ အတွေ့အကြုံတွေတော့ ရှိတာဘဲပေါ့ရှင်၊ ခြေကလဲ ရှည်ချင်ချင် ဟိုသွား ဒီလည် စာရေးချိန်မရ၊ အသံသွင်းချိန် မရမှာက စိုးတော့ ကြိုရေး ကြိုပြောတွေလဲ ထားခဲ့ရတာမို့ ပြောတာ နောက်ကျရင် ဗွေမယူပါနဲ့ရှင် လို့ ပြေပါရစေနာ်။

ဒီနေ့ မာအေး စာရေးခဲ့တဲ့ မှတ်တမ်းကို စာအုပ်တွေလို စုပြီး ထားခဲ့ဖို့ ရည်ရွယ်ခဲ့တာကြောင့် ခုခေတ်အသစ်မှာ အခွင့်အရေးရတုန်း တပည့် အေးလွင်အောင်ရဲ့ ပံ့ပိုးမှုနဲ့ ရိုက်နှိပ်ဖြန့်ချိပေးခဲ့တာ “ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း” ဆိုတဲ့ ကိုယ်ရေးကိုယ်တာကိစ္စရယ်၊
“ပြောပြစရာတွေ တပုံကြီး”  ခေါ်ရမယ့် မာအေးရေးသားပြောပြခဲ့တဲ့ ကိုယ့်ဝန်းကျင်က ဖြစ်ပေါ်သိမြင် ခံစားဖူးတဲ့ ကိစ္စများမြောင်တွေရယ်၊ မာအေးအပေါ် ထင်မြင်ချက်တွေ စုထားတဲ့ စာအုပ်ငယ်လေးရယ်၊ ပေါင်းကြည့်ခဲ့ရင် စာရင်း (၃) ခု ဝင်ခဲ့ပါပြီ။ ၁၉၇၄ ခု အောက်တိုဘာလမှာ ထုတ်ဝေဖူးတဲ့ ‘သိုးကလေးမေမေ’ နဲ့ပါ ဆိုရင် ကိုယ်တိုင်ရေး (၃) ခု  နဲ့ အများရေးတာ  (၁) ခု  ရှိခဲ့ပြီပေါ့။

မနှစ်က မာအေးရဲ့မွေးနေ့အကြို ဇူလိုင်လ (၂၅)ရက်နေ့မှာ မီဒီယာတွေ မိတ်ဆွေတွေနဲ့ ပြန်ရင်းနှီးအောင် မိတ်ဆက်ပွဲ လုပ်တယ်၊ ပြောကြဆိုကြတယ်၊ မာအေးက ဒီဇင်ဘာကျမှ ရောက်တာပါ။ ဒီနှစ်ထဲ တခေါက် ပြန်လာမယ်လို့ စိတ်ကူးခဲ့မိတာ၊ အဓိက က မိသားစုထဲက ကိစ္စလေးတွေနဲ့ ဆွေမျိုးတွေထဲကို သေချာ မ၀င်ကြည့်နိုင်ခဲ့လို့ ဆွေမျိုးတမျှ ချစ်ခင်ရတဲ့ မိတ်ဆွေ လူရင်းတွေနဲ့ မဆုံရသေးလို့ ဖြစ်ပါတယ်ရှင်။

ရောက်ခဲ့ရင်တော့ အဲဒါတွေအပြင် မာအေးရဲ့ နယ်က သောတရှင်တွေကို ဖျော်ဖြေခွင့်ကြုံရင် ကြုံသလို ဖျော်ဖြေမယ်၊ လူမှုရေး အလှူတွေမှာ ပါဝင်မယ်၊ ပထမ လာတုန်းက ပျက်ခဲ့တဲ့ ပညာပေးအစီအစဉ် ပြန်လုပ်ဦးမယ်လို့ စဉ်းစားထါးခဲ့တါဘဲ။ စာအုပ်အကြောင်း  “ပြောပြစရာတွေ တပုံကြီး” က ပြန်ကြားရတဲ့ အချက်တွေက မာအေးအတွက် သံတူနဲ့ နှက်သလို ခံစားရပါတယ် လို့ ပြောပြချင်တော့တယ် သေါတရှင်ရယ်။
နားဆင်နေကြတဲ့ သောတရှင်တို့မှာရော – မာအေးစာအုပ်ကလေး ရှိကြပါရဲ့လားရှင်။

စာအုပ်ကလေးရဲ့ ဖြစ်စင်ကတော့ မာအေး နှုတ်နဲ့ပြောပြ မှတ်တမ်းတင်ထားရင်လဲ တနေ့မှာ မဟာ့မဟာ မှတ်တမ်းတွေလိုဘဲ လေးလေးခန့်ခန့် မဟုတ်တောင်၊ ပေါ့ပေါ့ပါးပါး စိတ်မများပါဘဲ ရှာတွေ့နိုင်လိမ့်မယ် သိနိုင်လိမ့်မယ်ပေါ့။ အသုံးလုံး မကျေတဲ့သူတွေ၊ အချိန်မရတဲ့သူတွေ၊ စာမဖတ်နိုင်တဲ့သူတွေလဲ ရှိနေတာဘဲ မဟုတ်လား။ BBC ကိုလဲ စောင့်နိုင်ဦးမှ၊ အပတ်စဉ်နားဆင်ဘို့ရာ လွယ်တာမှ မဟုတ်ဖဲလို့ ဝေဒနာက ၀င်တယ်ရှင့်။ ဒါကြောင့် စာနဲ့လဲတင်၊ CD လေးပါ ထည့်ပေးပါလို့ ‘လင်းလွန်းခင်စာပေ’ကိုလဲ မှာခဲ့ပါတယ်။

မာအေး အသံလွှင့်ဘို့ ကြိုတင်စီစဉ် ရေးသားခဲ့တဲ့ စာမူ (၁) ကနေ (၄၀)အထိ စမ်းသတ်ထုတ်ဝေကြည့်ခဲ့တာပေါ့ရှင်။ ‘ထင်သာထင် မ၀င်ဘူးကျောင်းအမရေ’ လို့ဘဲ တလိုက်ချင်တော့တာပါဘဲ။ စာအုပ်ဖတ်တာ သိမ်းတာ စုတာ ဗဟုသုတ လိုချင်တာကို သဘောကျတတ်တဲ့သူက စာအုပ်ကို သိမ်းလိမ့်မယ်၊ မာအေး စေါစေါက ပြောခဲ့တဲ့ စာမတတ်တဲ့သူတွေနဲ့ အချိန်မရလို့ မဖတ်အားတဲ့သူတွေအတွက်ကတော့ အိမ်မှာဖွင့်ဖွင့်၊ လမ်းမှာဖွင့်ဖွင့် ကြားနိုင် သိနိုင်ကြလိမ့်မယ်လို့ မာအေးဖက်က စေတနာ သန့်သန့်လေး CD နဲ့ တွဲပေးခဲ့ ထုတ်ဝေစေခဲ့တါကျမှ ဝေဒနာ ဖြစ်ရလေ လို့ စိတ်မကေါင်းပါဘူးရှင်။ လူတွေက စာအုပ်ကို ၀ယ်မဖတ်ကြဘူး။ CD ကိုဘဲ ခိုးကူးကြကုန်သတဲ့။

ကိုယ့်မှာတော့ စာအုပ်ကလေး ရှေ့မှာထား၊ CD လေး ဖွင့်နားထောင်ခဲ့ရင် အသံ နဲ့ ပြောဆိုမှုနဲ့ ပတ်သက်တဲ့ လေယူလေသိမ်း၊ စာအတွဲအခွဲ၊ အသံအတင်အချ၊ အသံအတိုးအကျယ်၊ ဘယ်လိုခံစား ပြောဆိုရတယ် ဆိုတာတွေကို ‘မသိသူကျော်သွါး သိသူဖေါ်စား’နိုင်အောင် ကျိုးစား စီစဉ်ခဲ့တာပါလို့ ကိုယ်စေါင့်နတ်ပဲ တိုင်တည်ရမလိုဘဲ။ လူ့ဘ၀မှာ နေရာဘို့အတွက် အချိန်က နည်းသည်ထက်နည်းလာနေတာကို သိသိကြီးနဲ့ ခွဲပေးထားတဲ့ အချိန်တွေပါ သောတရှင်။ စာမူတွေ ပြန်စိစစ်ရတယ်၊ နှစ်ပေါင်းများစွာ ပိုးမထိုး ခြမကိုက် ရတနာထုပ် ပိုက်သလို ကါကွယ် ဘေးကင်းစေနိုင်တဲ့ မာအေးဟာ လူသားတယောက်လား၊ ကိုယ့်ကို ချစ်ဟန်ဆောင်နေတဲ့သူတွေကလား၊ တသက်လုံး ထိုင်စားလို့ရနိုင်တဲ့ သမာအာဇိဝ ကြေးတစလဲ မဟုတ်ပါဘဲ ခိုးမြဲ ခိုးနေကျ ခိုးသူတွေများလား ဆိုတာတောင် မသိနိုင်လေတော့ မကါကွယ်နိုင်ခဲ့ဘူးပေါ့ရှင်။

ဂီတလောက အပါအ၀င် ဖျော်ဖြေရေးလောကခွင်မှာ ခိုးကူးပြဿနာဟာ ဖြစ်ပေါ်နေတာ ကြာလှပြီဘဲ။ စင်တင်ဖျော်ဖြေပွဲတွေ အခွေထုတ်ရင်လဲ ဆုံးရှုံးခဲ့ကြရ၊ ကိုယ်တိုင်ထုတ်လုပ် ဖြန့်ချိနိုင်စွမ်းရှိတဲ့ အနုပညာရှင်တွေ ကိုယ်တိုင် တောင်မှ လက်မှိုင်ချနေကြရတာမို့ ရုပ်ရှင်အစည်းအရုံး၊  ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံးတွေက ဖမ်းကြဆီးကြ ကူညီကြတဲ့အကြောင်း သတင်းကေါင်းတွေ ကြားရသိရတဲ့အခါ CD ချည်း သက်သက် ထုတ်တာမျိုး မဟုတ်ရင် စာအုပ်စာရင်းထဲဝင်မှာမို့ ခိုးကူးကို ကြောက်ဖို့မလိုဘူး ထင်ခဲ့တယ်၊ စာကိုချစ်တဲ့သူတွေဟာ ဒီလို မသမာမှုမျိုးကို ဆန့်ကျင်ကြလိမ့်မယ်လို့ ယုံခဲ့တာပေါ့လေ။
 ခုတော့လဲ မထူးဇါတ်ခင်းကြတုန်းပါလား။ ရိုးရိုးသားသား ယုံစားဘို့ဆိုတာ ပြည်သူတွေပါ ကူပေးမှ ရနိုင်မယ့်အရာ လို့ဘဲ ပြောရမယ် ထင်တယ်။ ကိုယ်တွေ့လို့လဲ ပြောနိုင်ပြီလေ။ မာအေး ပထမတခေါက် ပြန်ရောက်တုန်းက ဘိုဘို အင်တာတိန်းမင့်အဖွဲ့နဲ့ တင်ဆက်တဲ့ ‘နှလုံးသားပေးဆပ်ပွဲ’ ဟာ VCD ခွေ ထုတ်ဖို့ ဒါရိုက်တာမီးပွား ရိုက်ထားတဲ့ အရုပ်တွေ ရှိတာပေါ့ရှင်။ ဒီ ပိုင်ရှင်က ဘာမှ မလုပ်ရသေးဘူး၊ ခိုးကူးက တခွေ ငါးရာနဲ့ ထွက်ချသွားခဲ့ပါရောလား။

မာအေးတို့ လာတဲ့ သွားတဲ့ စားရိတ်တွေ၊ တခြား အနုပညာစားရိတ်တွေကို သူတို့ စိုက်ထား ကုန်ကျထားရတာလေ။ ကိုယ်ချင်းစာကြည့်စေချင်ပါတယ် ရှင်တို့ရယ်။
အနုပညာသမားတွေဟာ အနုပညာကိုသာ ထုတ်လုပ်နိုင်တာပါ။ စင်ထောင်းပေးမယ့်သူရဲ့ အကူအညီရမှ ပရိသဒ်ကို ပြပေးခွင့်ရနိုင်တယ် ဆိုတာ မမေ့လိုက်ပါနဲ့။ တခါပြီးတခါ ကုန်ကျစားရိတ် ပြန်မပေါ်လာရင် ဘယ်သူက ပွဲဆင်ပေးချင်ပါတော့မလဲ လို့လဲ သတိရပေးဘို့ လိုပါတယ်ရှင်။

ခုကိုဘဲ မာအေးလဲ ညစ်နေရပြီ သောတရှင်တို့ရဲ့။ ဒီနှစ် ပြန်ရောက်မယ့်အခါကို မွေးနေ့ပါအောင် ရွေးထားပါတယ်။ ပြောပြစရာတွေ အမှတ် ၁၀၀ အထိ တအုပ် ဆက်ပြီးထုတ်ပေးမလို့လေ။
CD ကိုဘဲ ခိုးကူးကြတယ် ဆိုတဲ့သတင်းောကာင့် ဘာလုပ်ရမှန်းမသိ နောက်ကျိကျ ဖြစ်နေတာပါ။ ထုတ်ဖို့ရာ တလလောက် လိုသေးတော့ မာအေးကို စါအုပ် နဲ့ CD ခွဲသင့် မခွဲသင့် အကြံပေးစာလေးများ ရန်ကုန်က မာအေးအိမ်ကို ပို့ပေးရင် မကေါင်းဘူးလားရှင်။
၂၇ (အိုင်)၊ အောင်ဇေယျလမ်းသွယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကုက္ကိုင်း၊ ဗဟန်းမြို့နယ် ဆိုရင် ရောက်ပါတယ်။ အိမ်ပြန်လာတဲ့အခါ သောတရှင်တို့ စာကလေးတွေ ပို့ပေးကြရင် ၀မ်းသာမှာဘဲ။

* (ကိုယ်ပြန်လာပြီ – သန်းမြတ်စိုး)

ကိုယ်ပြန်လာသည်၊ ချိုထံတျာသီ၊ ငှက်ကလေးတွေ စိုးစီစိုးစီ၊ ကိုင်းထက်မှာမြည်၊
ကျန်းမာပါရဲ့လား၊ မေးကြတဲ့ အလား သဏ္ဍာန်ညီ၊ ခွန်းချိုသံမြည်ကြွေး တေးဖွဲ့ကြသည်၊
နွေအကူး ကြည်နူးဘွယ့်သည်ရာသီ ဆော်လေရူး ပျော်နေမြူး ပလီပလာ တီတာနော့လို့ ပြေးဆော့သည်၊ တေးကြော့လို့ သီကြူးဖွဲ့ဟန်ချီ၊ ကိုယ်ပြန်လာသည် ကိုယ်မွေးသောဋ္ဌာနေဆီ၊ တနယ်စွန်တရွာတကျေး အလည်လွန်ရှာသေး၊ ငှက်ငယ်ပမာ အလားသို့ညီ၊ ယါတကြော သာမောဘွယ်အတည်၊ ထယ်ထိုးကြ မြူခိုးက တလူလူဝေသည် တေးတကျော်ကျော်အော်ရင်း ဖေါ်တသင်း ပျော်ခင်းဖွဲ့ဟန်ချီ အချိန်တန်လာပြီ  အိမ်ပြန်လာသည် ကိုယ်ပြန်လာပြီ  ကိုယ်မွေးသောဋ္ဌာနေဆီ xxx



(ပြီးခဲ့သည့် လွတ်လပ်ရေးနေ့ အမှတ်တရ ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏  အသံလွှင့် ဆောင်းပါးကို ကူးယူ ဖော်ပြသည်) 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts