>64 DKBA soldiers dead and 175 wounded last month

>

ပြီးခဲ့သည့်လက ထိုးစစ်တွင် သေဆုံး၊ ဒဏ်ရာရသူ DKBA ကရင် တပ်ဖွဲ့ဝင် ၂၅၀ ကျော်ရှိ
စောသိန်းမြင့် (ကေအိုင်စီ)
ဇူလိုင် ၄၊ ၂၀၀၉

စစ်မြေပြင်တွင် အသေအကြေ ရင်ဆိုင် တိုက်ခိုက်ခဲ့သူ ရန်ဘက် ၂ ဦး မဲဆောက်မြို့ဆေးရုံတွင် ကုတင်ချင်းကပ်လျက် ရင်ဆိုင်ပြီး ဆေးကုသမှု ခံယူနေပုံ။ သူတို့နှစ်ဦးမှာ KNLA နှင့် DKBA တပ်ဖွဲ့တို့မှ ဖြစ်သည်။ (Photo: Alex Ellgee/ The Irrawaddy)


ယခင်လဆန်းပိုင်းမှစ၍ နအဖနှင့် DKBA ပူးပေါင်း တပ်ဖွဲ့တို့သည် ဖားအံခရိုင် KNLA တပ်မဟာ (၇)နယ်မြေကို တပ်အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်သည့် ကာလအတွင်း DKBA တပ်ဖွဲ့ဝင် စုစုပေါင်း (၂၅၉)ဦး ထိခိုက်သေဆုံးသည်ဟု KNLA တပ်မဟာ (၇)ဌာနချုပ်ရုံး က ယမန်နေ့ ပြောသည်။

တပ်မဟာ (၇)ဌာနချုပ် ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက “ကျနော်တို့ စာရင်းအရ ဇွန်လ ၂ရက်နေ့ ကနေ လကုန်အထိ ဆိုလို့ရှိရင် DKBA က (၈၄) ယောက် သေတယ်။ (၁၇၅)ယောက် ဒဏ်ရာရတယ်။ နအဖကတော့ (၁၀) ယောက် သေတယ်။ (၂ )ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဖက်တော့ (၈)ယောက် ဒဏ်ရာရတယ်။ သေတာ တယောက်မှ မရှိဘူး”ဟု ကရင်သတင်းစဉ်ကို ပြောသည်။

ယင်းတိုက်ပွဲဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း DKBA တပ်ဖွဲ့သည် နအဖစစ်တပ်၏ အသုံးချမှု ကို ခံနေရသောကြောင့် ယခုလို အကျ အဆုံး များခြင်း ဖြစ်သည်ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ဆက်ပြောသည်။

KNLAတပ်ဖွဲ့၏ စာရင်းအရ DKBAတပ်ဖွဲ့ဝင်များ (၂၅၀)ကျော် ထိခိုက်သေဆုံးသည်ကို အတည်ပြုနိုင်ရေး အတွက် DKBA ဘက်ကို ဆက်သွယ်မှုများ ပြုလုပ်သော်လည်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည်။

မဲဆောက် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် တိုက်ပွဲကာလအတွင်း ပါဝင်ခဲ့သူ DKBA တပ်ဖွဲ့ဝင်တဦးက ထိုကဲ့သို့ ထိခိုက် သေဆုံးရခြင်းမှာ နအဖစစ်တပ်က ၎င်းတို့တပ်ဖွဲ့ကို ရှေ့တန်းတင်ပြီး အတင်း မောင်းသောကြောင့် ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။

သူက “ဗမာစစ်တပ်တွေက ကျနော်တို့စခန်းမှာ လာထိုင်ပြီးတော့ ကျနော်တို့ကို ဒီဘက်ကို တက်တိုက် ခိုင်းတယ်။ ဗမာစစ်တပ်က ကျနော်တို့ကို အတင်းမောင်းတာကိုး။ ကျနော်တို့ လူတွေလည်း ဘယ်ခံနိုင်မလဲ ထိမှာပေါ့။ အတိအကျတော့ ကျနော်မသိဘူး။ ဒါပေမဲ့ ၂၀၀ကျော်တယ်လို့တော့ ကြားတယ်”ဟု ကရင် သတင်းစဉ်ကို ပြောသည်။

ကရင် လူငယ်တဦးဖြစ်သူ စောနိုင်တီနိုင်းကလည်း “တဖက်ကို ကြည့်လိုက်ရင် ကျနော်တို့ ကရင်အချင်း ချင်းတွေပဲ ပစ်ခတ်ကြတယ်။ နောက်ဆုံးသေတာလည်း ကျနော်တို့ ကရင်တွေပဲ။ စဉ်းစားလိုက်ရင် DKBA ကို စိတ်တိုမိတယ်။ သူများ ပိုက်ဆံပေးပြီးတော့ ခိုင်းတာကို လိုက်လုပ်တယ်။ စားရတာက အထက် က လူကြီးတွေ စားရတယ်။ သေရတာက လက်အောက်ငယ်သားတွေ သေရတယ်”ဟု ပြောသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts