>Book Wormz The Geek – DASSK 64 & U Pe Thein 2009

>

ပါဝါ ၅၄ ရဲ့ ၆၄ ပါဝါ အမည်ဖြင့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကဗျာစာအုပ်

ကာတွန်း (ဦး) ဖေသိန်း ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ငယ်

စာအုပ်စင်သာဂိ

ဇူလိုင် ၂၊ ၂၀၀၉

အင်တာနက်စာဖတ်ပရိသတ်ထဲကို အချိန်နည်းနည်း နောက်ကျပြီး ရောက်လာတဲ့ အီး-စာအုပ်တအုပ်ကတော့ အထက်ပါအမည်နဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုစာအုပ်ဖြစ်ပါတယ်။ စီစဉ်သူတွေက ၈၈ မျိုးဆက် ကျောင်းသားများလို့ ဖော်ပြထားပြီး ပြည်ပက စာရေးသူများရဲ့ ကဗျာတွေကို အင်တာနက်မီဒီယာအသီးသီးက ကူးယူကောက်နုတ်ဖော်ပြထားပါတယ်။

မြန်မာပြည်တွင်းက ထင်ရှားတဲ့ စာမူရှင် ၃ ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက်) တို့ ဖြစ်တာကို တွေ့ရပါတယ်။ ပြည်တွင်းက ကွယ်လွန်သူ စာပေပညာရှင် ၂ ဦး ဖြစ်တဲ့ မင်းသုဝဏ်နဲ့ ကြည်အောင်တို့ရဲ့ ကဗျာ ၂ ပုဒ်လည်း ပါဝင်ပါတယ်။

Afizpitxllmeb_mediumစာအုပ်စီစဉ်သူတွေက အောင်လတ်၊ ၈၈ မီဒီယာအဖွဲ့၊ ကိုအောင်ကျော်ဆင့်၊ ကိုမိုးဝေ၊ မနေရီရီ တို့ ဖြစ်ပါတယ်။ ပြည်ပက ပန်းချီဆရာ ဦးဝင်းဖေရဲ့ မျက်နှာဖုံးဖြစ်ပါတယ်။ ပြီးနောက် မောင်စွမ်းရည်၊ ကောင်းကင်ကို၊ ရဲရင့်အောင်၊ သစ်ကောင်းအိမ်၊ မောင်စိုးချိန်၊ ဖုန်းဆိုး၊ မသဒ္ဓါနဲ့ ထိန်လင်းတို့ရဲ့ က
ဗျာတွေကို ကောက်နုတ်ထားပါတယ်။

အီးစာအုပ် ဖြစ်တဲ့အားလျော်စွာ အင်တာနက်နဲ့ ကွန်ပျူတာလက်လှမ်းမီသူများက ကူးယူကြပြီး လက်ဆင့်ကမ်း ဖြန့်ချီကြမယ်လို့ မျှော်လင့်နိုင်ပါတယ်။ မြန်မာပြည်တွင်းက အီးမေးပရိသတ်ကြီးအတွက်လည်း အဆင်ပြေတဲ့ စာအုပ်တအုပ် ဖြစ်ပါတယ်။

အင်တာနက်ခေတ်ကြီးမှာ အတတ်ပညာရှင်တွေ၊ ၀ါသနာရှင်တွေနဲ့ တက်ကြွသူတွေက နည်းပညာနဲ့ မီဒီယာကို သူတို့ရည်မှန်းချက်များ ပေါက်ရောက်စေဖို့ လက်ကိုင်တုတ်သဖွယ် စွဲကိုင်လာတာကိုတော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ ပရိသတ်နဲ့လည်း တိုက်ရိုက်စကားပြောလာကြတာကို တွေ့နေရပါတယ်။

အခမဲ့ ဖတ်ရှုခွင့်ရလို့ ကျေနပ်ဝမ်းသာတဲ့ ပရိသတ်ကြီးထဲက တချို့သော စေတနာရှင်များကလည်း အဲသည်လို စာအုပ်စာတမ်းကလေးတွေအတွက် ၀မ်းသာအားရလို့ ငွေကြေးတစွမ်းတစ လှူဒါန်းကြရင်ဖြင့် စီစဉ်သူတွေ အားတက်ကြဖို့ ပိုရှိနိုင်ပါတယ်။ အဲ နောက်တဆင့်ကတော့ အဲသည်စာမူရှင်တွေကိုလည်း စီစဉ်သူတွေက လက်လှမ်းမီသလောက် ခွင့်တောင်းတာအပြင် စာမူခ စေတနာရှိသလောက်၊ တတ်နိုင်သလောက် လက်ဆင့်ကမ်းမျှဝေနိုင်တာပေါ့ ခင်ဗျာ။ စာမူရှင်တွေဆိုတာကလည်း ယနေ့မြန်မာမီဒီယာ လှိုင်းဝဲသြဃကြီးထဲမှာ ပီတိကိုစား အားရှိပါ၏ ဖြစ်နေကြတာကို အချို့သော စာဖတ်သူတွေ၊ စီစဉ်သူတွေ သိရှိစေဖို့ အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ် ခင်ဗျာ။

လူကြီးသူမ တဦး ပြောဖူးတာကတော့ – “အမယ်လေး လေး … ပိုက်ဆံပေးပြီး စာဖတ်ဖို့ကို မပြောနဲ့ဦး၊ အလကားနေရင်း စာဖတ်နေတယ်ဆိုရင်ကို ကျေးဇူးတင်လှပါပြီ။ သူ့အသိစိတ်ဓာတ်ကလေးနဲ့ စာဖတ်ဖော်ရတယ်ဆိုရင် တော်လှပေါ့ …” တဲ့။

ဟောသည်မှာ သူတို့ ထုတ်တဲ့ စာမွန် ပေမြတ်ကလေးကို အခမဲ့ သည်နေရာကနေ ဖတ်ရှုတော်မူကြပါခင်ဗျား။

B2cq6rflknazxzvjp_medium

နောက်တအုပ်ကတော့ ဆရာကြီးကာတွန်း (ဦး) ဖေသိန်း ၏ ဆောင်ရွက်ချက်များ ( ၁၉၂၄ – ၂၀၀၉ ) ခေါင်းစဉ်နဲ့ ပြည်တွင်းမှာ အခမဲ့ဖြန့်ဝေတဲ့ ကွယ်လွန်ခြင်း အမှတ်တရ စာအုပ်ဖြစ်ပါတယ်။ ပီဒီအက်ဖ်ကို ဒေါင်းလုပ်ရယူပြီး သိမ်းဆည်းထားရန် သင့်တော်လှပါတယ်။ ဓာတ်ပုံဆရာက ထိန်ဝင်းပါ။ စာအုပ်ဒီဇိုင်းအပြင်အဆင်ကတော့ နံမည်ကျော် ကာတွန်းဆရာတဦးဖြစ်ပါတယ်။ ဆရာကြီးရဲ့ ကမ္ဘာလုံးကြီးအနှံ့ ပြန့်အောင် ဂြိုလ်တုတွေ၊ ဒယ်အိုးတွေနဲ့ မေတ္တာပေးဝေနဲ့တဲ့ ကာတွန်းပုံလေးကို ထည့်သွင်းထားပါတယ်။ ဆရာကြီးရဲ့ နောက်ဂန္ထ၀င်ကာတွန်းကတော့ ကလောင်ထမ်းထားတဲ့ စာနယ်ဇင်းသမား ဖြတ်လျောက်နေရတဲ့ စာရွက်တွေက ဆင်ဆာမိထားတဲ့ အမည်းပိတ်၊ အဖြူကွက်တွေနဲ့ ကာတွန်းပုံဖြစ်ပါတယ်။ ဒီနေရာမှာ ဆရာကြီးအမှတ်တရ စာအုပ်ငယ်လေးကို ရယူပါ။ http://www.scribd.com/doc/16971509/Self-Biography-of-Burmese-Cartoonist-U-Pe-Thein


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts