ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ကိုရဲလွင်၏ မေတ္တာလှိုင်း

ကိုရဲလွင် ၏ မေတ္တာလှိုင်း
ငြိမ်းချမ်းအေး
(ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၏ အသက် (၆၆) နှစ်ပြည့် မွေးနေ့ မင်္ဂလာ ဂုဏ်ပြု)
မိုးမခ
ဒီဇင်ဘာ ၄၊ ၂၀၁၃

 ဓာတ်ပုံ – ဒီဇိုင်းဆရာ ဝေချစ်ကို (ကဗျာဆရာ/တေးရေး သော်ဒီဝေ)
ဂီတပညာရှင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) ရဲ့ ဂုဏ်ကျေးဇူးတွေကို မှတ်တမ်းပြု ဖွဲ့နွဲ့ဖို့ က သေချာ ကျမ်းတစောင် ပြုစု ရမယ့် ကိစ္စပါ..။   ဒီလို ဗမာပြည် အပေါ် ကျေးဇူးကြီးလှတဲ့ ဂီတစာဆိုရှင် ရဲ့ မွေးနေ့မင်္ဂလာ အချိန် အခါ မှာ တော့ ကျေးဇူးများစွာကို ဂုဏ်ပြုအသိမှတ်ပြု ကျန်းမာ သက်ရှည်စေကြောင်း မွေးနေ့ဆုတောင်းပြုရင်းနဲ့ မွေးနေ့ရှင် ဂီတစာဆို ရဲ့ ပြန်လည်ဆုတောင်းပြုမှု မေတ္တာလှိုင်း ငြိမ်းချမ်းရေး တေးသဝဏ်လွှာ ကို မိုးမခ ပရိသတ် အတွက် မျှဝေလိုက်ပါတယ်။
ဓာတ်ပုံ – သားထွေး (မဇ္ဈိမလှိုင်း/ပန်းရဲ့လမ်း)
ပြဿနာ.. E Machine.. လိစ္ဆဝီများ.. တေးဝိဇ္ဇာဿ.. Usher.. မဇ္ဈိမလှိုင်း.. Vertical Vibration.. ပန်းရဲ့လမ်း.. အစရှိသည့် ဂီတ အဖွဲ့များ ဖြင့် စတီရီခေတ်ဦးမှ ယနေ့ မျက်မှောက်ခေတ်တိုင်  နှစ်ပေါင်း (၄၀) ကျော်  ဂီတ  ဖြင့် တိုင်းပြည်  အား အလုပ်အကျွေးပြုပေးသူ..  လွပ်လပ်ငြိမ်းချမ်း.. ပန်းရဲ့လမ်း.. လူမှုရေး ဂီတ အဖွဲ့ ကို ဦးဆောင်ပြီး တိုင်းပြည် ရဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နေသူ.. လူမှုရေး တာဝန်များ ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသူ.. ဂီတစာဆို ကိုရဲလွင် (မဇ္ဈိမလှိုင်း) ၏ ၆၆ နှစ်မြောက် မွေးနေ့ ကို ဂုဏ်ပြုရင်း မွေးနေ့ရှင် စာဆို တယောက် ဂီတ လှုမှု အများ အကျိုးပြု လုပ်ငန်းများ နှစ်ပေါင်းများစွာ ဆက်လက် ထမ်းရွက်နိုင်စေဖို့ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်..။ 
ဓာတ်ပုံ – သားငယ် (မဇ္ဈိမလှိုင်း)
ဂီတပညာရှင် ကိုရဲလွင် ၏ ပရိသတ်များ နှင့် ဗမာပြည်သူ ပြည်သား အားလုံး ရင်ဘတ်နှလုံးသားမှာ လည်း ဂီတစာဆို ၏ ဆုတောင်း မေတ္တာလှိုင်း သက်ရောက် အမုန်းတရားများ ပျောက် ငြိမ်းချမ်းနိုင်ပါစေ..။  သံသရာ အပါအဝင် အနှောင်အဖွဲ့အားလုံးက လွတ်မြောက်နိုင် ပါစေ..။
♫ ♪ ♫ ♪…
ချမ်းသာကြပါစေ။
အေးငြိမ်းကြပါစေ။
သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်ကြပါစေ…။
♫ ♪ ♫ ♪…
ချမ်းသာကြပါစေ။
အေးငြိကြပါစေ။
ယုံကြည်ချက်နှင့် ပေးဆပ်သူ အားလုံး
လွတ်မြောက်ကြပါစေ…။
♫ ♪ ♫ ♪…
လွတ်စေ.. လွတ်စေ…။
မေတ္တာလှိုင်း၊ သံစဉ်/စာသား ဖွဲ့ဆို – ကိုရဲလွင် (မဇ္ဈိမလှိုင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts