>Mar Mar Aye honors DASSK 64 with a song

>

ဒေါ်အောင်ဆန်းစုကြည် ၆၄ အတွက် တေးသံရှင် (ဒေါ်) မာမာအေးက

မြင့်မိုရ်ထက်မြင့်သော သီချင်းဖြင့် ဂုဏ်ပြု သီဆို

မိုးမခ

ဇွန် ၂၀၊ ၂၀၀၉

ယနေ့ ဖို့ဝိန်းတွင် ကျင်းပသော မြန်မာမိသားစုများအားလုံး၏ စုပေါင်းမွေးနေ့ဂုဏ်ပြုပွဲနှင့် အင်ဒီယာနားတက္ကသိုလ် အိုင်ပီအက်ဖ်ဒဗြူနှင့် ဖို့ဝိန်းမြို့ အဖွဲ့အစည်းများ စုပေါင်းကျင်းပသော ၅ ကြိမ်မြောက် ဒေါ်စုမွေးနေ့အထိမ်းအမှတ်ပွဲတို့တွင် မြန်မာပြည်၏ မြန်မာဂီတပညာရှင်၊ တေးသံရှင် (ဒေါ်) မာမာအေးက စန္ဒယား လှထွဋ် ရဲ့ သီချင်း “မြင့်မိုရ်ထက် မြင့်သော” သီချင်းကို ပြန်လည်သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုလိုက်သည်။

အသက်ကြီးကြီ ငယ်ငယ် – သူဟာ မြန်မာပြည်အတွက်၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူ ပြည်သားတွေအားလုံးအတွက် ရှေ့ဆောင်လမ်းပြတဲ့၊ အနစ်နာခံတဲ့ မိခင်သဖွယ် ကြံ့ကြံ့ခံ ရပ်တည်တဲ့သူဖြစ်တဲ့အတွက် သည်သီချင်းနဲ့ ဂုဏ်ပြုလိုက်တာ ဖြစ်တယ် လို့ ဂီတအနုပညာရှင် မာမာအေးက ပြောကြားသွားပါတယ်။

ဒီနေရာကနေ (ဒေါ်) မာမာအေး သီဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် ဂုဏ်ပြုသီချင်း – မြင့်မိုရ်ထက်မြင့်သော ကို နားဆင်ပါ။ http://moemaka.com/index.php?option=com_zoom&Itemid=53&page=view&catid=32&PageNo=4&key=34&hit=1

(ဓာတ်ပုံ – ၂၀၀၈ ဇွန်လ ဒေါ်စု ၆၃ မွေးနေ့ဂုဏ်ပြုပွဲ ဆန်ဖရန်တွင် တွေ့ရသော (ဒေါ်) မာမာအေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts