>Junior Win – Condolence

>

ဝမ်းနည်းမှတ်တမ်း

ဂျူနီယာဝင်း

ဇွန် ၂၀၊ ၂၀၀၉

ကာတွန်းဆရာကြီးဦးဖေသိန်းကွယ်လွန်တယ် ကြားသည်။ ဘဘဦးဖေသိန်းအိမ် ဖုံးဆက်မေးမိကာ စိတ်မကောင်းကြီးစွာဖြစ်ရပါသည်။ ဦးဖေသိန်းသည် ကာတွန်းသက်တမ်းတလျှောက် ဂုဏ်သိက္ခာရှိစွာ နေထိုင်ခဲ့သော၊ စိတ်ဓါတ်ကြံ့ခိုင်စွာဖြင့် မြန်မာပြည်ပရိသတ်ဘက်မှ ရပ်တည်ခဲ့သောပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်တမ်းတင်သည်။ ဆရာကြီးဦးဖေသိန်း ကွယ်လွန်သွားသောလည်း သူ ရေးသားခဲ့သော ကာတွန်းများ၊ ရုပ်ပြများ၊ ပန်းချီသရုပ်ဖော်များတို့အပြင် ဆရာကြီး၏လက်ရာဒီဇိုင်း “ကြေးမုံ” ဟူသော သတင်းစာလိုဂိုသည် ဆက်လက်တည်ရှိလျက် အားလုံးရင်မှာ အမှတ်တရ ကျန်ရစ်ခဲ့ဦးမည်။ ကာတွန်းဆရာကြီး ဦးဖေသိန်း ကွယ်လွန်သွားသော်လည်း သူ့အမည်၊ သူ့အကြောင်းတို့သည် မိသားစုအတွက် ဂုဏ်ယူဖွယ် အမှတ်တရ ကျန်ရစ်ကာ မြန်မာပြည်ပရိသတ်ကြီးအားလည်း လွမ်းစရာအဖြစ် အစဉ်တည်ရှိနေဦးမည်။ ကာတွန်းဆရာကြီး ဦးဖေသိန်း မွေးနေ့ကျင်းပခဲ့စဉ်က အားလုံးကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သော

“အန္တစကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း၊ ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ”

ဟူသော မေတ္တာပို့ ဆုတောင်း နံရံကပ် ပန်းချီကားသည် မြန်မာပြည်သူတို့၏ နှလုံးသားဝယ် ချိတ်ဆွဲပေးခဲ့ပြီ ဖြစ်ပါသည်။ ဆရာကြီးကို နှူတ်ဆက် ကန်တော့လိုက်ရပါသည်။

သွားနှင့်တော့လေ … အားလုံး သည်လမ်း လိုက်ကြရဦးမည်။

(ပုံ – ဆရာကြီး ကာတွန်း ၁၉၉၆။ သည်ပုံကကော တကမ္ဘာလုံး လွှမ်းချုံ တုန်သွားစေခဲ့သည့် သံဃာတော်၏ မေတ္တာပို့သံများရဲ့ နမိတ်ပုံပဲလို့ ပြောကြဦးမှာလား)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts