>High court allows Daw Suu final witness appeal

>

ဦးဝင်းတင်၊ ဦးတင်ဦးတို့ ဒေါ်စုအတွက် သက်သေလိုက်ခွင့်ရရန် မျှော်လင့်ချက် မကုန်သေး
မိုးမခ အထောက်တော် ၀၀၃
ဇွန် ၁၇၊ ၂၀၀၉

ဦးဝင်းတင်၊ ဦးတင်ဦး

ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုး


ဦးဝင်းတင်၊ ဦးတင်ဦးတို့နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် သက်သေအဖြစ် လိုက်ပါခွင့်အတွက် ဗဟိုတရားရုံးက လက်ခံ စဉ်းစားမည်ဟု ယနေ့ ဆုံးဖြတ်လိုက်သည်။

ထိုသို့ဆုံးဖြတ်ခြင်းကို သူ၏ ရှေ့နေများက သတင်းကောင်းအဖြစ် ကြိုဆိုကြသည်။

၎င်းတို့ ၂ ဦး သက်သေလိုက်ခွင့်ကို ခရိုင် နှင့် တိုင်းတရားရုံးတို့က ပယ်ချခဲ့သော်လည်း ဒေါ်စုဘက်မှ ရှေ့နေများက အဆင့်ဆင့် လျှောက်ထားခဲ့သဖြင့် နောက်ဆုံးတွင် ဗဟိုအဆင့်သို့ ရောက်ရှိ နေခြင်းဖြစ်သည်။

ဒေါ်စုက သူ့ဘက်မှ သက်သေလိုက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ၄ ဦးကို တရားရုံးသို့ အဆိုပြုခဲ့သည်။

ခရိုင်နှင့် တိုင်းအဆင့် တရားရုံးများက ဦးကြည်ဝင်း နှင့် ဒေါ်ခင်မိုးမိုးတို့ကို သက်သေလိုက်ခွင့် ပြုခဲ့ပြီး ဖြစ်သည်။

အာဏာပိုင်တို့က ဒေါ်စုကို နေအိမ် အကျယ်ချုပ် ကျနေစဉ် နေအိမ်သို့ နိုင်ငံခြားသားတဦး ၀င်ရောက်မှုကို အကြောင်းကြားရန် ပျက်ကွက်သဖြင့် ပြီးခဲ့သည့်လက ရုံးတင် တရားစွဲခဲ့သည်။

တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုထားရာ ပြစ်မှုကျူးလွန်သည်ဟု တရားသူကြီးက ဆုံးဖြတ်ပါက အနည်းဆုံး ငွေဒဏ် ကျပ် ၅၀၀၀၊ အများဆုံး ထောင်ဒဏ် ၅ နှစ် ချခံရမည် ဖြစ်သည်။

တရားခွင်သို့ သွားရောက် လေ့လာခွင့်ရခဲ့သူ သံတမန် တဦးဖြစ်သူ ရန်ကုန်အခြေစိုက် ဗြိတိသျှ သံအမတ်ကြီး မတ်ကန်းနင်းက ဒေါ်စုကို စစ်အစိုးရက ထောင်ချမည်ဟု ယူဆကြောင်း သတင်းဌာနများကို ပြောခဲ့သည်။

အစိုးရခေါင်းဆောင်များသည် နိုင်ငံတကာသို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ ချိုးဖောက်ခဲ့ကြောင်း ပြောကြားကြသည်။

အမှုစတင်စဉ်တွင် အာဏာပိုင်တို့က ဒေါ်စု၏ ရှေ့နေတဦးဖြစ်လာမည့် ဦးအောင်သိန်း၏ ရှေ့နေလိုင်စင် ကမန်းကတန်း ရုပ်သိမ်းခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း ဒေါ်စု၏ ရှေ့နေတဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီးသည် ဒေါ်ခင်ခင်အေးကို ဗဟို သမဝါယမအသင်း အကြီးတန်း မန်နေဂျာ တာဝန်မှ အနားပေးလိုက်သည်။ ထိုသို့ အလုပ်မှ အကြောင်းမဲ့ ထုတ်ပယ်ခြင်းသည် ဒေါ်စု နှင့် သူ၏ ရှေ့နေများကို ထိုးနှက်ခြင်းဖြစ်ကြောင်း အတိုက်အခံများက ယုံကြည်ကြသည်။

သတင်းထောက်များကို တရားခွင်သို့ သွားရောက် သတင်းယူခွင့် ပြုခဲ့သော်လည်း မြန်မာပြည် အခြေစိုက် သတင်းဂျာနယ်များကို အမှုနှင့် ပတ်သက်ပြီး သတင်းဖော်ပြခွင့် ကန့်သတ်ခဲ့သည်။ ဂျာနယ်များက အစိုးရ သတင်းစာတွင် ပါဝင်သည့် ဖော်ပြချက်များကိုသာ ထပ်ဆင့် ကူးယူ ဖော်ပြမှုများကိုသာ ပြုလုပ်ခဲ့ရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts