>Maung Aw – DASSK 64 Poems

>

ငြိမ်းချမ်းရေး ဒေါင်းမိခင်

မောင်သြ

ဇွန် ၁၆၊ ၂၀၀၉

(ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့သို့)

မေတ္တာရှင်

ကြည်လင်စမ်းရေ အလား

သူ့ရင်ခွင် အေးမြရိပ်

စိတ်ချမ်းမြေ့စေသား။

ငြိမ်းချမ်းရေး အို မိခင်

ပြုံးရွှင်ပ နှလုံးသား

မိုးကောင်းကင် ကြယ်တမွတ်

ဆွတ်နိုင်မယ့် အား။

ငြိမ်းချမ်းရေး အို မိခင်

သန့်စင်မြ နှလုံးသား

ကမ္ဘာမြေ နေခြည်ဝင်း

လင်းလက်မယ့် အား။

ငွေစင်ကြယ် ၀န်းရံခ

လမင်းနှင့် ပြိုင်ကာ

သူ့မေတ္တာ ဂုဏ်ရောင်လင်း

ထုံသင်းပျံ့စွာ

မြန်မာဟေ့ မြန်မာ

ကမ္ဘာမှာ တယောက်ထဲ။

မုန်တိုင်းဒဏ်

ဘယ်လောက်ကြမ်းသော်လည်း

ဒေါင်းမိခင် ကမ္ဘာလွှမ်းမယ်

ပန်းပန်လျက်ပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts