>Burmese soccer teams go online

>

ဘောလုံးအသင်းများ အွန်လိုင်းပေါ်ရောက်ပြီ
မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၅၊ ၂၀၀၉


မြန်မာပြည်မှ ကြေးစား ဘောလုံးအသင်းများက ခေတ်သစ်နည်းပညာကို အသုံးပြုပြီး ၎င်းတို့အသင်း ထင်ရှားရေး၊ ပရိသတ်နှင့် ပိုမိုထိတွေ့ခွင့်ရရေးတို့ကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။

ရန်ကုန် ယူနိုက်တက် FC အသင်းက http://ygnutd.com ကိုလည်းကောင်း၊ ကမ္ဘောဇ FC အသင်းက
http://www.kbzfc.com ကို လည်းကောင်း အင်တာနက် စာမျက်နှာများ အသီးသီး ဖန်တီးထားကြသည်။

ကြေးစားဘောလုံးအသင်းများ သို့မဟုတ် မြန်မာနေရှင်နယ်လိ အသင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို http://myanmarnationalleague.com တွင် တွေ့နိုင်သည်။ ဤစာမျက်နှာကို ဖွင့်လိုက်သည်နှင့် မှတ်တမ်း ဗီဒီယို တခုလည်း ဆူညံစွာ အလိုအလျောက် ပွင့်လာမည်ဖြစ်သည်။

လွန်ခဲ့သည့် ၃ လခန့်မှ စ၍ ပုဂ္ဂလိက ဘောလုံး အသင်း ၈ သင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကျွမ်းကျင်သည့် ဘောလုံးသမားများကို ငှားရမ်းကြခြင်းဖြင့် ကြေးစား ဘောလုံးလောက မြန်မာပြည်တွင် စတင် ပေါ်ပေါက်လာလေသည်။ ပြည်တွင်း ကစားသမားများ သာမက ပြည်ပမှ ဘောလုံးသမားများကိုလည်း ငှားရမ်း အသုံးပြုသည့် ကလပ်အသင်းများလည်း ရှိနေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts