>Burmese in NYC urged Fax Campaign to free DASSK

>မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်

မြန်မာစစ်အုပ်စု၏ သံရုံးနှင့် အစိုးရရုံးများကို ဖက်စ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုမည်

မိုးမခအထောက်တော် ၀၀၂

ဇွန် ၁၂၊ ၂၀၀၉

ပြည်တွင်းတွင် အစွမ်းကုန်ဖိနှိပ်ထားသဖြင့် မြန်မာပြည်သူတို့၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပေါ် သဘောထားကို ထုတ်ဖော်ခွင့်မရသည့် အချိန်၊ လူထုခေါင်းဆောင် ၆၄ နှစ်ပြည့်မည့် ယခုလ ၁၉ ရက်မတိုင်မီ၊ ယမန်နေ့ ၁၁ ရက်က စပြီး စစ်အုပ်စု၏ ပြည်ပက သံရုံးများ၊ ပြည်တွင်းက အစိုးရရုံးအသီးသီးသို့ ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုသည့် စာတမ်းပါ ဖက်စ်များ အဆက်မပြတ် ပေးပို့ ပြီး ဆန္ဒပြကြရန် နယူးယောက်မြို့က ဘားမားပွိုင့်အဖွဲ့က မေတ္တာရပ်ခံထားသည်။

ဘားမားပွိုင့်အဖွဲ့၏ ၀က်ဆိုက်တွင် ဖော်ပြထားရာ လှုပ်ရှားမှုတခုမှာ မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များဖြင့် ဇွန်လ ၁၆ ရက်နေ့က စတင်ပြီး အသံမစဲ ၆၄ နာရီ ပဋ္ဌာန်းတရားရွတ်ဖတ်ပွဲ ကျင်းပမည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်တွင် ပရိတ်နာ ဆွမ်းကျွေးများ ပြုလုပ်ပြီး ကုလသမဂ္ဂရုံးချုပ်ရှေ့တွင်လည်း ဆုတောင်းပွဲများပြုလုပ်ကြမည်ဟု ဖော်ပြထားသည်။

ဒီနေရာမှ သူတို့ မေတ္တာရပ်ခံချက်များကို ဖတ်ရှုနိုင်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts