>150 Burmese on the streets of LA to protest for DASSK Freedom

>

အယ်အေက မြန်မာ ၁၅၀ ကျော် ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့

အောင်သာငယ် (ဘလော့ဂ်)

ဇွန် ၈၊ ၂၀၀၉

၂၀၀၉ ခုနှစ် ဇွန်လ ၇ ရက် တနင်္ဂနွေနေ့က လော့စ်အိန်ဂျယ်လိစ်မြို့၏ ကမ္ဘာကျော် ဟောလိဝုဒ်လမ်း (Hollywood Boulevard) ပေါ်ရှိ Kodak Theater ရှေ့တွင် မြန်မာပြည်၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်သော ဆန္ဒပြပွဲတရပ်ကို LA Organizers 4 Burma အဖွဲ့က ဦးဆောင်ကာ ညနေ ၄ နာရီမှ ၆ နာရီ အထိ ၂ နာရီ ကြာ ပြုလုပ်ခဲ့သည်။

နအဖ စစ်အုပ်စုက အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းကို တရားမဲ့ခံခဲ့ရပြီး ယခု ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ တွင် အကျယ်ချုပ်မှ လွှတ်ပေးရမည့် အစား နေအိမ်မှ အင်းစိန် ထောင်သို့ ပို့ဆောင်ခြင်း ခံရကာ တဖက်သပ်တရားစွဲဆိုခြင်းခံနေရသည့် မြန်မာပြည်၏ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေး ဆန္ဒပြပွဲကို အယ်လ်အေနှင့် အနီးအနားရှိ မြို့များမှ မြန်မာ နိုင်ငံသူ နိုင်ငံသား များနှင့် ၄င်းတို့၏ မိသားစုဝင်များ အတူတကွ လာရောက် စုရုံး၊ ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် မြန်မာ့ အရေးကို စိတ်ဝင်စားသော အမေရိကန် နိုင်ငံသားများ ကလည်း ပါဝင် ပူးပေါင်းခဲ့ကြသည်။






























သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts