>Daw Myint Myint Soe – DASSK Poem

>မြေပြန့်ရောက် တောင်ပေါ်သား စိုင်းခမ်းလိတ်

သုံးတောင်ဝတ် မြွေပွေး

ဒေါ်မြင့်မြင့်စိုး

ဇွန် ၃၁၊ ၂၀၀၉

အချုပ်ထဲက မထုတ်ရဲကြတာ

မဟာဣိထ္တိယ မြွေပွေးမလေး

အတောင် ၂ဝ ညစ်ကျယ်ကျယ် လူဆိုးတစုကို

ဒုက္ခကောင်းကောင်းကြီး ပေးနိုင်တဲ့

သုံးတောင်ဝတ်ကလေးပေါ့။

ပြည်သူ့ ရှေ့မှာ

ပြည်သူ့ နောက်မှာ

ပြည်သူ့ ဝဲယာ

ပြည်သူထဲမှာ

ရဲရင့်မှု သရဖူဆောင်းတဲ့

အကျဉ်းကျ ခေါင်းဆောင်ပေ

အော် .. အနီးကလေးနဲ့ အဝေးရောက်

တွေးကြောက်သူတွေအဖို့

မြွေပွေးတောင် တုန်နေရောပေါ့

ဒါပေမယ့် သူမဟာ

သုံးတောင်ဝတ် ကလေးပါနော်။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူထု စည်းရုံးရေး ခရီးစဉ် အဖွဲ့ စီးနင်းလာတဲ့ ယာဉ်တန်းကို စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီးမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ခြောက်နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပဲယင်း နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့ အဖွဲ့ချုပ်ဝင်တွေ စုပေါင်း ကျင်းပကြပြီး အကြမ်းဖက်မှု အတွင်း သေဆုံးခဲ့သူတွေအတွက် ဆွမ်းကပ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒီပဲယင်းမှာ ကိုယ်တိုင် ပါဝင်ခဲ့သူ မန္တလေး အရှေ့တောင်မြို့နယ်က ဒေါ်မြင့်မြင့်စိုးက နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ “သုံးတောင်ဝတ် မြွေပွေး” ကဗျာကို အာရ်အက်ဖ်အေအား ရွတ်ဆို ပြခဲ့ရာကနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts