>Kyaw Kyaw Myint – She is all our Mother

>

ငါတို့အားလုံးရဲ့အမေ

ကျော်ကျော်မြင့်

မေ ၂၇၊ ၂၀၀၉

ယမ်းမုန်တိုင်းတွေ

ဝေနေချိန်တုန်းကလေ

အမေဟာ နောက်မတွန့်ပါ … ရင်ဆိုင်နေ….

မြားတစင်းရဲ့ အားမာန်တွေ….

ငါတို့အားလုံးရဲ့ အမေ…။

သွေးမုန်တိုင်းတွေ

ထန်နေချိန်တုန်းကလေ

အမေဟာ ရဲဝံ့စွာ…ရင်ဆိုင်နေ ……

သိန်းစွန်ငှက် ၀ိဥာဉ်တွေ….

ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့

ခယောင်းတောလမ်းထက်မှာ

ရဲရင့်စွာ ကျော်ဖြတ်ဆဲ….

ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ

ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ

ရန်သူအားလုံးကို အနိုင်ယူမလေ ….

ကျောင်းသားထု သွေးညီဟေ

မျှော်ရည်အားသစ်စေ….။

(ပန်းချီလက်ရာ – ချောအိသိမ်း၊ ၂၀၀၅ တုံးက ပန်းချီကား။ ခွင့်ပြုချက်မတောင်းဘဲ သုံးပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts