>Burmese Regime stepping up to sentence DASSK amid Pressure

>

နိုင်ငံတကာ၏ ဝေဖန်မှုများကြားက စစ်အစိုးရ ဒေါ်အောင်ဆန်းစုကြည်ကို တရားစီရင်နိုင်ရေး စိုင်းပြင်း

မိုးမခ (ကိုးကား – အေပီ၊ အေအက်ဖ်ပီ)

မေ ၂၅၊ ၂၀၀၉

ယနေ့ တနလာင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးချိန်း ဆဋ္ဌမမြောက်နေ့ ဖြစ်သည်။ နိုင်ငံတကာနှင့် အာဆီယံ၏ ဝေဖန်မှုများကြားထဲက စစ်အစိုးရသည် ဒေါ်စုအား တရားစီရင်ချက်ချ အရေးယူနိုင်ရန် ဆက်လက်ရှေ့တိုးနေဆဲဖြစ်သည်။ သာဓကအားဖြင့် အာဆီယံမဟာမိတ်အဖွဲ့က စစ်အုပ်စု၏ ဒေါ်စုအား အရေးယူမှုများအပေါ် ကန့်ကွက်သည့်အကြောင်း အာဆီယံဥက္ကဋ္ဌအနေဖြင့် စာထုတ်ခဲ့ခြင်းကို ယနေ့သတင်းစာများတွင် ပြင်းထန်စွာ ပယ်ချလိုက်ကြောင်း တုန့်ပြန်လိုက်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts