>No Reporters and Diplomats allowed to 4th Day Court on DASSK

>

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း စတုတ္ထနေ့ – သံတမန်များနှင့် သတင်းထောက်များကို ဖိတ်ကြားခြင်း မရှိဟုဆို

အေအက်ဖ်ပီ

မေ ၂၁၊ ၂၀၀၉

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးချိန်း စတုတ္ထမြောက်နေ့တွင် ယမန်နေ့ကကဲ့သို့ သံတမန်များ၊ သတင်းထောက်များကို ဖိတ်ကြားထားခြင်း မရှိဟု အမည်မဖော်လိုသော အာဏာပိုင်ဝန်ထမ်းတဦး၏ အပြောအရ သိရှိရသည် ဆိုသည်။

အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးအတွင်းဝန် ဟယ်လရီကလင်တန်က ဒေါ်စုကို ယခုကဲ့သို့ ပြုမှုထားခြင်းကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားဝင်ခြင်း ရှိလိမ့်မည်မဟုတ်ဟု သတိပေးထားသည့်ကြားက ယနေ့တွင် စစ်အစိုးရက သံတမန်နှင့် သတင်းထောက်များ ကြားနာခွင့်ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ယမန်နေ့က အင်န်အယ်ဒီပါတီက အများပြည်သူတို့ လွတ်လပ်စွာ ကြားနာနိုင်သည့် တခါးဖွင့် တရားခွင်ဖြစ်ရန် တောင်းဆိုထားခဲ့ပြီး တခါးပိတ်တရားခွင်ကို ကန့်ကွက်ကြောင်း ကြေငြာထားခဲ့ပြီး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts