>hoped to meet you all in better days

>

အခြေအနေ ကောင်းတဲ့တနေ့တော့ တွေ့ကြတာပေါ့
ဓာတ်ပုံသတင်း
မေ ၂၀၊ ၂၀၀၉
ရန်ကုန်မှ သတင်းထောက် ၁၀ ဦး နှင့် သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးသော အင်းစိန်ထောင်အတွင်းရှိ တရားခွင်သို့ ယနေ့ သွားရောက် လေ့လာခွင့် ရခဲ့သည်။ ဒေါ်စုက သူတို့အား လာရောက် အားပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အခြေအနေ ကောင်းသည့် တနေ့နေ့တွင် ပြန်လည် တွေ့ဆုံလိုကြောင်း ပြောကြားခဲ့သည်။ (photos: AP, Reuters, Getty Images)


သတင်းထောက်တဦး သရုပ်ဖော် ရေးဆွဲထားသော တရားခွင်မြင်ကွင်း
အင်းစိန်ထောင်တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံအခြေစိုက် သံတမန်များက ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံကြသည်ကို ယနေ့ ည ရုပ်သံသတင်းတွင် တွေ့ရသည်။


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ယနေ့ တောင်းဆို ဆန္ဒပြနေကြသော ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ မြန်မာရဟန်းတော်များ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts