>conclusion is already scripted

>

“ တရားခွင်ရဲ့ ရလဒ်ကို နဂိုကတည်းက အဖြေ ရှိပြီးသား လို့ ယူဆပါတယ်”
ဘီဘီစီ
မတ် ၂၀၊ ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မတ်ကန်းနင်း


တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုတွေ့ခဲ့ရပါသလဲ
ဒေါ်အောင်ဆန်းစုကြည်ကို တရားခွင်မှာ အားမာန် အပြည့်နဲ့ သူမရဲ့ တရားခံဘက်က ရှေ့နေတွေကို ဦးဆောင်နေတာ တွေ့လိုက်ရပါတယ်။ ဒီညနေ ကြားနာမှုမှာ ရဲအရာရှိတွေက သူမရဲ့ ခြံဝင်းထဲ အမေရိကန်တဦး ၀င်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး သက်သေ ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကို အခု လာရောက်ကြတာကို ကြိုဆိုကြောင်း၊ ဒီထက်ကောင်းမွန်တဲ့ အချိန်မျိုးမှာ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ဆုံး သံအမတ်ကြီးလည်းဖြစ်၊ သံတမန်များရဲ့ နာယကလည်း ဖြစ်တဲ့ စင်္ကာပူသံအမတ်ကြီး၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သံအမတ်ကြီး နဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေတဲ့ ရုရှားနိုင်ငံ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံဖို့ ထွက်ခွာသွားပါတယ်။

ဒီအမှုတွေကို ဘယ်လောက်ကြာကြာ စစ်မယ် ဆိုတာ မသိရပါဘူး။ နောက်နေ့တွေ သွားရောက် နားထောင်ခွင့် ရမယ်လို့ ယူဆပါသလားရှင့်။
ဒါကတော့ ပြောရခက်ပါတယ်။ ဒါဟာ ထွက်ဆိုချက်တွေအပေါ် မူတည်ပြီးတော့ အမှုဆင်ထားတာ ဖြစ်ပါတယ်။ အမှု စစ်ဆေးတာကို လုံးဝ မ၀င်ရတာနဲ့ စာလို့ ရှိရင် အခုလို သွားရောက် နားထောင်ခွင့်ရတာ ပိုကောင်းတာ မှန်ပေမယ့် အခုလို သွားရောက်ခွင့် ရတာကိုတော့ အမှန်တကယ် ဖြစ်ပျက်နေတာကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ နောက်ရက်တွေမှာ သွားခွင့် ပြုမပြုတော့ မသေချာပါဘူး။

သံအမတ်ကြီးတို့ကို အခုလို ၀င်ခွင့် ပြုခဲ့တာဟာ အဓိကက အစိုးရ အနေနဲ့ မျှတတဲ့ တရားစီရင်မှု ဖြစ်တယ်ဆိုတာ သေချာပါတယ်။ သံအမတ်ကြီး အနေနဲ့ရော ဒါဟာ မျှတတဲ့ တရားစီရင်မှုလို့ ယူဆပါသလားရှင့်။
ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ ဒီအမှုမှာ တရားသူကြီး၊ တရားလို၊ စွပ်စဲခံရသူ စသဖြင့် တရားရုံး အင်္ဂါရပ်တွေကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့်လို့ ဒီတရားခွင်ရဲ့ ရလဒ်ကို နဂိုကတည်းက အဖြေ ရှိပြီးသား လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ရရှိမယ့် အဖြေပေါ်မှာ ကျနော်တို့ လုံးဝ အယုံအကြည် မရှိပါဘူး။ ကျနော်တို့ ဒီကနေ့ ၀င်ရောက် လေ့လာခွင့် ရတာ ကောင်းပေမယ့်လို့ အခြေခံ ပြဿနာကတော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts