>Let’s support and help NLD party to free Aung San Suu Kyi and all political prisoners from Burma – Burmese Senior Artists in exile requested

>

ဒေါ်အောင်ဆန်းစုကြည်အရေး အင်န်အယ်ဒီပါတီကို ပြည်သူတို့ ၀န်းရံထောက်ခံကြရန်

ပြည်ပရောက် စာပေ အနုပညာရှင်တို့က ဆန္ဒပြု

မိုးမခ

မေ ၁၉၊ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် စစ်အစိုးရက တရားစွဲဆိုပြီး အရေးယူရန် ပြင်ဆင်နေခြင်းကို တရား ဥပဒေနှင့် အညီ ပြန်လည် ဖြေရှင်း ဆောင်ရွက်နေသော မြန်မာပြည်၏ အတိုက်အခံ ပါတီ – အင်န်အယ်ဒီ၏ လက်ရှိ လှုပ်ရှားမှုများကို မိမိတို့က ကောင်းမွန်သော မျှော်လင့်ချက်တို့ဖြင့် ယုံကြည်မှု အပြည့် ရှိပါကြောင်း

တိုင်းပြည်လွတ်လပ်ရေးနှင့် တပ်မတော်ဖခင်ကြီး၏ သမီး၊ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွသော ဖမ်းဆီး ထိန်းသိမ်းခံထားရသူများ၊ မိသားစုများ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေသော အင်န်အယ်ဒီ ပါတီနှင့် ၎င်းအဖွဲ့ဝင်များ၊ မိသားစုဝင်များကို မြန်မာပြည်သူလူထုကြီးက ဂုဏ်ယူစွာဖြင့် ၀န်းရံ အားပေး ထောက်ခံမှုများ ပြသကြစေလိုကြောင်း

မြန်မာပြည်၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ယုံကြည် မျှော်လင့် ဦးတည်နေကြသည့် တပ်မတော်သား အရာရှိကြီးများ၊ တပ်မတော်သားများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရ ၀န်ထမ်းများကလည်း ဒေါ်အောင်ဆန်းစုကြည်အရေး ကိစ္စကို စွန့်လွှတ် စွန့်စား ဆောင်ရွက်နေကြသူများကို ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ မိသားစု သွေးချင်းများသဖွယ် ရပ်တည် စောင့်ရှောက်မှုများ ပေးစေလိုကြောင်း

တိုင်းရင်းသား ညီအကို မောင်နှမ အချုင်းချင်း သွေးမြေကျအောင် အကြမ်းဖက် တိုက်ခိုက် ဖိနှိပ် ဖမ်းဆီးခြင်းများဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို တည်ဆောက်နိုင်ခြင်း မရှိသည်ကို ပြီးခဲ့သည့် နှစ်များက အကျည်းတန် ဖြစ်ရပ်များကို ကြည့်ပြီး သင်ခန်းစာ ယူကြစေလိုကြောင်း

အမေရိကန်ပြည်ထောင်စုရောက် စာပေ အနုပညာရှင်များ ဖြစ်ကြသော မောင်စွမ်းရည်၊ ဒေါ်မာမာအေး၊ ကဗျာဆရာ အောင်ဝေးတို့က ထုတ်ဖော် ပြောကြားပါသည်။ ၎င်းတို့ ဆန္ဒပြုသည့် သဘောထားများကို လက်ဆင့်ကမ်း ဖြန့်ဝေပေးကြရန်၊ ပြည်တွင်း ပြည်ပရှိ စာပေ၊ အနုပညာရှင် အင်အားစုများကလည်း ၎င်းတို့ သဘောထားများကို ထုတ်ဖော် ပြောဆိုကြရန် တိုက်တွန်းလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts