>Suu Kyi will deny having visitor was a crime


>

အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲမည်
Reuters သတင်းဌာန
မေ ၁၇၊ ၂၀၀၉

ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် ယနေ့ တွေ့ရသော ဆန္ဒပြသူများက မြန်မာစစ်သားများ နှင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သရုပ်ဆောင်ထားကြသည်။ (ဓာတ်ပုံ – getty images)


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက် ရှိပြီး မနက်ဖြန်တွင် အမှု ရင်ဆင်ရန် အသင့်ဖြစ်နေကြောင်း သူ၏ ရှေ့နေက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းသည် အင်းစိန်ထောင် “ဧည့်ရိပ်သာ”တွင် ဒေါ်စုကို ယမန်နေ့က တွေ့ခွင့် ရလိုက်သည်။

“သူ ကျန်းကျန်းမာမာ ရှိနေတယ် “ဆိုတာကို မိတ်ဆွေတွေကို ပြီးတော့ အားလုံးကို ပြောပေးပါ လို့ ဒေါ်စုက ပြောခိုင်းလိုက်ပါတယ်” ဟု ဦးကြည်ဝင်းက Reuters သတင်းဌာနကို ပြောသည်။ “သူ ဥပဒေ မချိုးဖောက်ခဲ့ပါဘူး ဆိုတာကို လျှောက်လဲဖို့အတွက် သူ အဆင်သင့်ပါပဲ” ဟု ဆိုသည်။

အမှု စတင်စစ်ဆေးရန် တရက်အလိုတွင် ရဲတို့က အင်းစိန်ထောင် ၀န်းကျင်ကို သံဆူးကြိုး အကာအရံများ ချလိုက်သည်။ အင်းစိန်သည် နာမည်ကျော် ထောင် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အများအပြား ရှိသည့်နေရာ ဖြစ်သည်။

ဒေါ်စု နှင့် အတူနေသူ အမျိုးသမီး ၂ ဦးသည်လည်း တရားစွဲခံထားရသည်။ ဒေါ်စုသည် အသက် ၆၃ နှစ် ရှိပြီ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts