>Khaing Mar Kyaw Zaw – To Every Mother

>

အမေများ သို့

ခိုင်မာကျော်ဇော

မေ ၁၁၊ ၂၀၀၉

“အမေများနေ့” တဲ့

ကမ္ဘာပေါ်က

မင်္ဂလာအရှိဆုံး နေ့တနေ့ပေါ့။

ကျမရဲ့

မွေး၊ ကျွေး မိခင်များကတော့

ကျမနဲ့ အဝေးဆုံး ကမ္ဘာရပ်ခြားမှာ။

‘အမိမဲ့ သား

ရေနည်း ငါး’တဲ့။

‘ခလုတ်ထိ

အမိတ တ တတ်သတဲ့’။

အမေ မရှိတော့မှ

အမေလို့ တမ်းတ ရတာများ

အင်္သချေ အန္တတပေါ့။

အမေ့ကို လွမ်းလိုက်ရတာများတော့

ကမ္ဘာကြီးတောင် တုန်သွားတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts