>Daw Suu’s doctor is detained

>

ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဖမ်းဆီး ထိန်းသိမ်းခံနေရ
မိုးမခ အထောက်တော် ၀၀၂
မေ ၉၊ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဖမ်းဆီး ထိန်းသိမ်းခံနေရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုကြောင်း AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ဒေါ်စု၏ ခြံဝင်းအတွင်သို့ သွားရောက်ခဲ့သော နိုင်ငံခြားသားတဦး ဖမ်းဆီးခံရသည်ဟူသော သတင်း ထွက်ပေါ်လာပြီးနောက်တွင် ထိုသို့ ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

ဆရာဝန်သည် ဒေါ်စုအား တလတကြိမ် ဆေးစစ်ပေးရန် ကြာသပတေးနေ့က ကြိုးစားခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ဟု သိရသည်။

ထိုညနေတွင် အာဏာပိုင်တို့က ဆရာဝန်အား နေအိမ်သို့ သွားရောက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ် ပြောခွင့်ရ အရာရှိ ဦးဉာဏ်ဝင်းက AP သတင်းဌာနကို ရှင်းပြသည်။ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရဟု ဆိုသည်။

ဒေါက်တာ တင်မျိုးဝင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts