>Open Office 3.1 Now in Burmese

>

သာလာယံရုံးခန်းစနစ် မြန်မာလို ရနိုင်ပြီ

ဝက်မာစတာ သာဂိ

မေ ၈၊ ၂၀၀၉

အိုပင်းအော့ဖစ်လို့ ခေါ်တဲ့ အခမဲ့ ရုံးသုံးထောက်ကူ ကွန်ပျူတာစနစ် အသစ်တခု ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ အဖိုးအခပေး ၀ယ်သုံးရတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ အော့ဖစ်ဆော့ဝဲကို ပုခုံးချင်းယှဉ်ပြီး ပရိသတ်ကို ဆွဲဆောင်နေတဲ့ အခမဲ့အော့ဖစ်ဆော့ဝဲပေါ့ခင်ဗျား။ အခု သူ့စနစ်အဆင့်က သုံး ဒဿမ တစ် လို့ ကြေငြာချက်ထဲမှာ ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ကွန်ပျူတာနည်းပညာနယ်ပယ်မှာ နေရာတကာ အဖိုးအခပေးမှ အလုပ်ဖြစ်တဲ့နေရာဆိုတော့ အခုလို အလကား အသုံးချစနစ်တွေ ပေါ်လာတော့ သုံးစွဲမယ့်သူတွေက သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ အလကားသုံးရတာ တန်ပ့ါမလားပေါ့လေ။ အဲပြီးတော့ အဲဒီက မြန်မာစာဘာသာစကားစနစ်ကလည်း တခါတည်းပူးတွဲပါလာပြီဆိုတော့ မျက်လုံးတွေတောင် ကျွတ်ကုန်မယ် ထင်တယ်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts