>Tin Ko Min Nyo – River and Rock

>

မြစ်နဲ့ ကျောက်ဆောင်

တင်ကိုမင်းညို

မေ ၄၊ ၂၀၀၉

တရစပ် စီးဆင်းနေတဲ့မြစ်ကိုငေးလို့

ရယ်မောနေတဲ့ ကျောက်ဆောင်

အကာလ အမှောင်ထဲမှာ ….။

သူကမြစ်ကို ခုလိုပြောလိုက်တယ်

ခဏတဖြုတ်များ နားပါလေဦးလား

သင် မကြောက်ဘူးလား

အမှောင်ထုထဲမှာ လမ်းများ မှား သွားခဲ့ရင်ဖြင့် … တဲ့။

မြစ်က …

သူ့ရင်ခုန်သံကို ဂယက်ထပြီး လက်ပြခဲ့တယ်။

မြစ်က …

သူ့သီချင်း သူဆိုပြီး

ကျောက်ဆောင်ရဲ့ ညည်းချင်းကို

ပြီးပြီးပျောက်ပျောက် နားဆင်သွားခဲ့တယ်။

မြစ်က …

ကျောက်ဆောင်ကို

ခုလို ပြန်လည်ပြောလိုက်တယ်။

အမှောင်ဆိုတာ

ရပ်နေတဲ့ အရာတွေအတွက်ပဲ ရှိတယ်

ရုန်းကန်စီးဆင်းနေတဲ့ ဘ၀အလျင်မှာ မရှိဘူးတဲ့ …။

နောက်ဆုံးမှာ

မြစ်က ကျောက်ဆောင်ကို

သနားစရာကောင်းတဲ့အကြည့်နဲ့ကြည့်ရင်း

နှုတ်ဆက် စီးဆင်းသွားခဲ့တယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts