>Mann Win Maung – Biography of Burmese President – 15 (Last Part)

>

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း ၁၅ (ဇာတ်သိမ်းပိုင်း)
မှတ်စုမှတ်တမ်း
ဧပြီ ၃၀၊ ၂၀၀၉
၁၉၆၀ ပြည့်နှစ်က မြန်မာပြည်သို့ အလည်အပတ် ရောက်ခဲ့သော ထိုင်းဘုရင်၊ မိဖုရား တို့နှင့် အတူ တွေ့ရသည့် သမ္မတ မန်းဝင်းမောင်
ဝန်ကြီးနှင့် သမ္မတ
ပါပါ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာသော အချိန်မှာ ဘကြီး ထွန်းရှိန်နှင့် မိုမိုတို့ ရန်ကုန်၊ အလုံ ဌာနလမ်း အမှတ် (၈၁) မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန် ပြန်ရောက်ပြီး ဆယ်ရက်ခန့်အကြာမှာ မန်းပေါအေးငြိမ်းနှင့် တွေ့ရန် ပါပါ ပန်းတနော်မြို့နယ်၊ ကျောင်းတောကလေးရွာသို့ လိုက်သွားပါတယ်။ မန်းပေါအေးငြိမ်းကို တွေ့သောအခါ နေထိုင် မကောင်းသည်ကို တွေ့သည့်အပြင် နိုင်ငံရေး ဆက်လုပ်လိုသောစိတ် မရှိတော့ကြောင်း ပြောသဖြင့် ပါပါ အလွန်မှ စိတ်အားငယ်ခဲ့ပါတယ်။ သူ့ဆီမှာ နှစ်ရက်နေပြီး ပါပါ ရန်ကုန်ပြန်လာပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts