>monk strike documentary show in SF

>

ဆန်ဖရန်စစ္စကို ရုပ်ရှင်ပွဲတော်၌ မြန်မာ့မှတ်တမ်းရုပ်ရှင် ပြမည်
မိုးမခ အထောက်တော် အမှတ် ၀၀၆
ဧပြီ ၂၅၊ ၂၀၀၉

နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အတွင်း Burma VJ: Reporting From A Closed Country အမည်ရှိ မြန်မာပြည်နှင့်ပတ်သက်သည့် မှတ်တမ်း ရုပ်ရှင်ကား (Documentary) တင်ဆက် ပြသမည်ဖြစ်သည်။ ဧပြီလ ၂၃ ရက်မှ မေလ ၇ ရက်အထိ ပြုလုပ်မည့် ၅၂ ကြိမ်မြောက် ရုပ်ရှင် ပွဲတော်အတွင်း အဆိုပါ မှတ်တမ်းကားကို ၃ ကြိမ်ပြသမည်ဖြစ်သည်။

ပြသချိန် ၈၄ မိနစ် ကြာမြင့်သည့် ယင်း မှတ်တမ်းကားတွင် ၂ဝဝ၇ ခုနှစ်က မြန်မာပြည်၌ ဖြစ်ပွားခဲ့သည့် သင်္ကန်းရောင် တော်လှန်ရေး သံဃာ့ အရေးအခင်းအတွင်း သတ္တိခဲ လူငယ် သတင်းထောက်များ ရိုက်ကူး၍ ပြည်ပသို့ လျှို့ဝှက် ထုတ်ယူခဲ့သည့် ဗီဒီယို မှတ်တမ်းများကို အခြေခံ တင်ဆက်ထားသည်ဟု ရုပ်ရှင်ပွဲတော်မှ ဖြန့်ဝေသည့် စာစောင်ငယ်တွင် ဖော်ပြထားသည်။

ယင်းမှတ်တမ်းကားကို မေလ ၁ ရက် ညနေ ၆ နာရီခွဲ၊ မေလ ၂ ရက် ည ၉း၁၅ နာရီ နှင့် မေလ ၆ ရက် ည ၈း၄၅ နာရီတို့တွင် ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၁၈၈၁၊ ပို့စ်လမ်းမ (Post Street) ရှိ Sundance Kabuki Cinemas တွင် ပြသမည်ဖြစ်ပြီး ရုံဝင်ခမှာ အမေရိကန် ၁၂ ဒေါ်လာခွဲ ဖြစ်သည်။

အသေးစိတ် သိလိုပါက www.sffs.org သို့ သွားရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါ အင်တာနက် စာမျက်နှာ၌ ၁ မိနစ်ခွဲ ကြာမြင့်သည့် မှတ်တမ်းရုပ်ရှင် နမူနာကိုလည်း ပြသထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts