>Cyclone Bijli sparesြBurma

>

မြန်မာပြည် ဘီဂျလီ ဆိုင်ကလုန်း ရန်မှ လွတ်ပြီ
AP သတင်းဌာန
ဧပြီ ၁၈၊ ၂၀၀၉


ဘီဂျလီ ဆိုင်ကလုန်းက အနောက်ဘက် ကမ်းရိုးတန်းမှ ယနေ့ လှည့်ပြန်သွားသဖြင့် မြန်မာအာဏာပိုင်တို့က မုန်တိုင်း အရေးပေါ် ကြေညာချက်များကို ရုပ်သိမ်းလိုက်သည်။

မုန်တိုင်းကြောင့် မြန်မာပြည် အနောက်ဘက် ကမ်းရိုးတန်းဒေသ တချို့တွင် မိုးအကြီးအကျယ် ရွာခဲ့သည်။

“မုန်တိုင်း သတိပေးတာတွေကို ရပ်လိုက်ပြီ။ မုန်တိုင်းဘေးကနေ လွတ်သွားပါပြီ” ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန အကြီးအကဲ ဦးထွန်းလွင်က ပြောသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေညာချက်တွင် အနောက်ဘက် ကမ်းရိုးတန်းဒေသမှ လှေသင်္ဘောများ လုံခြုံစိတ်ချသို့ခိုလှုံရန် ဖော်ပြထားသည်။ သို့သော်လည်း ယနေ့ထုတ်ပြန်ချက်များတွင် ဆိုင်ကလုန်းမုန်တိုင်းသည် အရှိန်လျော့ကျသွားသည့်အပြင် ကမ်းရိုးတန်းဒေသသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင်မူ ယနေ့နံနက်က ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည်။ တိုက်ခတ်ပြီး မကြာမီမှာပင် မုန်တိုင်း အရှိန် လျော့ကျသွားသည်။

ငါးဖမ်းလှေများ ပင်လယ်သို့ ပြန်လည် သွားရောက်နိုင်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ကြေညာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အဓိက ဆိပ်ကမ်းဖြစ်သော စစ်တကောင်းမြို့သင်္ဘောဆိပ်ကို မကြာမီ ပြန်ဖွင့်ပေးတော့မည်ဟု အရာရှိတဦးက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts