>Cyclone warning on the cover

>

မုန်တိုင်းသတိပေးချက် သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြ
မိုးမခ အထောက်တော် ဝဝ၈

ဧပြီ ၁၇၊ ၂၀၀၉
မိုး/ဇလ အင်တာနက် စာမျက်နှာတွင် ယနေ့ရက်စွဲဖြင့် တင်ထားသော ရာသီဥတုအခြေအနေပြ မြေပုံ။
ဆိုင်ကလုန်း မုန်တိုင်းတခု မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ဦးတည်နေပုံကို ရေးဆွဲထားသည်။

ရခိုင်ပြည်နယ်သို့ မုန်တိုင်းတခု ဦးတည်လျက်ရှိသည်ဟူသော သတိပေးချက်ကို ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က နာဂစ်မုန်တိုင်း မတိုက်ခတ်မီတွင် မုန်တိုင်း သတိပေးချက်ကို သတင်းစာတွင် ဖော်ပြခဲ့သော်လည်း အတွင်း စာမျက်နှာတွင်သာ မထင်မရှား ဖော်ပြခဲ့သည်။

သတင်းစာ ရှေ့ဖုံး နောက်ဖုံးများမှာ စစ်ဗိုလ်ချုပ်များ၏ နိုင်ငံအနှံ့ လှည့်လည် သွားလာသည့် ခရီးစဉ်များကိုသာ ဖော်ပြလေ့ ရှိသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် လွတ်လပ်သည့် သတင်းစာများ ထုတ်ဝေခွင့် မရှိသေးပေ။

ယခုနှစ် မုန်တိုင်း သတိပေးချက်ကို သတင်းစာ နောက်ကျောဖုံးတွင် တွေ့ရသော်လည်း စာဖတ်သူများ ပိုမို သတိပြုမိစေရန် ထင်ထင်ရှားရှား ဖော်ပြသင့်သည်ဟု ယူဆကြောင်း ရန်ကုန်မှ သတင်းစာ ဖတ်သူတဦးက ပြောသည်။

မုန်တိုင်း သတိပေးချက်ကို မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန (မိုး/ဇလ)၏ အင်တာနက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်သည်။ မုန်တိုင်း သတိပေးချက်အပြင် လေတိုက်မှု၊ မိုးရွာသွန်းမှု၊ အပူချိန် စသည့် ရာသီဥတု အခြေအနေများကို ဖော်ပြထားသည်။

မိုး/ဇလ ဌာန၏ နေ့စဉ် ထုတ်ပြန်ချက်များကို အီးမေးလ်ဖြင့် ပုံမှန် ရလိုပါက http://www.dmh.gov.mm/subscribe.cfm?sub=Subscribe&x=32&y=6 မှတဆင့် အလွယ်တကူ ရနိုင်သည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts